ဂျက်ဖနာသင်ကြားရေးဆေးရုံ
Jaffna Teaching Hospital | |
---|---|
ကျန်းမာရေးဝန်ကြီးဌာန | |
ပထဝီဝင်ဆိုင်ရာ | |
တည်နေရာ | Hospital Road, Jaffna, Jaffna District, Northern Province, Sri Lanka |
ကိုဩဒိနိတ် | 9°39′57.50″N 80°00′52.50″E / 9.6659722°N 80.0145833°Eကိုဩဒိနိတ်: 9°39′57.50″N 80°00′52.50″E / 9.6659722°N 80.0145833°E |
အဖွဲ့အစည်း | |
ဂရုစိုက်မှုစနစ် | Public |
ငွေကြေးအထောက်အပံ့ | အစိုးရဆေးရုံ |
ဆေးရုံအမျိုးအစား | သင်ကြားရေး |
နှီးနွယ် တက္ကသိုလ် | University of Jaffna |
ဝန်ဆောင်မှုများ | |
အရေးပေါ်ကုသရေးဌာန | Yes |
ကုတင်အရေအတွက် | 1,228 |
ဂျက်ဖနာသင်ကြားရေးဆေးရုံ သည် သီရိလင်္ကာနိုင်ငံ၊ ဂျက်ဖနာမြို့တွင် တည်ရှိသည့် အစိုးရဆေးရုံတစ်ခု ဖြစ်သည်။ ၎င်သည် မြောက်ပိုင်းစီရင်စု၌ အရေးပါသည့်ဆေးရုံတစ်ခုဖြစ်ပြီး ကိုလံဘိုရှိ ဗဟိုအစိုးရက ထိန်းချုပ်ထားသည့် စီရင်စုရှိ တစ်ခုတည်းသော ဆေးရုံဖြစ်သည်။ မြောက်ပိုင်းစီရင်စုရှိ တစ်ခုတည်းသော သင်ကြားရေးဆေးရုံလည်း ဖြစ်သည်။ ဂျက်ဖနာတက္ကသိုလ် ဆေးပညာဌာနအတွက် အဓိကကျသည့် ဆေးဘက်ဆိုင်ရာသင်ကြားရေးဆေးရုံ ဖြစ်သည်။[၁] ၂၀၁၀ ခုနှစ်တွင် ဆေးရုံ၌ ခုတင် ၁၂၂၈ ခု ရှိသည်။[၂]
ဆေးရုံတွင် ဆေးဝါးနှင့် ကုသမှုဆိုင်ရာဝန်ဆောင်မှုများအနေဖြင့် cardiology, diabetic, dentistry, dermatology, family planning, gynaecology, neurology, obstetrics (ante-natal), oncology, ophthalmology, orthopaedics, otolaryngology (ENT), paediatrics and psychiatry စသည့် အမျိုးမျိုးသော ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ထောက်ပံ့ပေးထားသည်။[၃] ဆေးရုံတွင် အရေးပေါ်ဌာနတစ်ခု၊ ပြင်းထန်ရောဂါစောင့်ရှောက်မှုတစ်ခု၊ စောလျင်စွာကလေးမွေးဖွားမှုတစ်ခု၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတစ်ခု၊ ရောဂါဗေဒဓာတ်ခွဲခန်းတစ်ခုနှင့် သွေးအလှူဘဏ်ဝန်ဆောင်မှုတစ်ခုတို့ ပါဝင်သည်။[၁]
၂၀၁၀ ခုနှစ်တွင် ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသေသူ ၁၁၁၁၂၉ ဦးရှိပြီး အပြင်လူနာအဖြစ် ပြင်ပလူနာအဖြစ် ၂၆၈၉၂၂ ဦးရှိကာ ဆေးဝါးကုသမှုခံယူသူ ၄၇၆၆၁၆ ဦးရှိခဲ့သည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ Teaching Hospital။ University of Jaffna။ 2011-10-02 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Under Line Ministry Beds 2010။ Ministry of Health, Sri Lanka။ 27 September 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 May 2021 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ 2010 Statistics။ Jaffna Regional Directorate of Health Services။ 2012-03-31 တွင် မူရင်းအား မော်ကွန်းတင်ပြီး။