ဂုံး

ဝီကီပီးဒီးယား မှ
ဂုံး ခေါ် ယောက်သွား

ဂုံးဆိုသည်မှာ အခွံနှစ်ခြမ်းရှိသော ခရုငယ်မျိုးဖြစ်၍ ရေကန် မြစ်​​​ချောင်းများတွင် တွေ့ရှိရသည်။ အခွံကိုခွာ၍ အထဲမှ အသားကို စားသုံးကြသည်။ နုံစပ်သဲပြင်များတွင်လည်း တိုး၍ နေတတ်သည်။ ဂုံးမှာ ဘဲဥပုံဆင်ဆင်ရှိ၍ ရှပ်ကောင်မှာ သုံးထောင့်ချွန်း ဆင်ဆင်ဖြစ်သော ဂုံးတစ်မျိုးဖြစ်သည်။ ရှပ်မှာ ပင်လယ်ကမ်းစပ်တွင် ရေကျစ၌ နုံးသဲလွှာအောက်တွင် တိုးဝင်နေတတ်၍ စူးထိုးကာရှာဖွေ ဖမ်းယူကြသည်။ ဂုံးသည် အခွံမာသော်လည်း ပါးလွှာ၍ ရေချိုတွင် အတွေ့ရများသည်။ အခြားနိုင်ငံများတွင် ဂုံးအသားကို ထုတ်၍ စည်သွပ်ရောင်းချကြသည်။ ဂုံးကို ယောက်သွားဟူ၍လည်း ခေါ်ကြသည်။[၁]

ယခုအခါ နိုင်ငံတော်တော်များများတွင် ခုံးကောင်(ကမာ)ကို လူတော်တော်များများ စားသုံးခြင်း များလာကြသည်။ ခုံးကောင်၏ ဂုဏ်သတ္တိမှာ အေး၏။ အရသာမှာ ငန်၏။ အသည်းနှင့် ကျောက်ကပ်တို့အတွက် ကောင်းကျိုးပေး၏။ ခုံးကောင်ကို အသက်ကြီးငယ်မရွေး စားသုံးနိုင်သည်။ အထူးသဖြင့် ကိုလက်စထရောများသူ၊ သွေးတွင်း အဆီများသူ၊ ဂလင်းရောင်သူ၊ ​​လေပြွန်​ရောင်သူ၊ အစာအိမ်ရောဂါရှိသူတို့ စားသုံးသင့်သည်။ သို့သော် ယခင်က အနာရောဂါဟောင်းရှိတက်သူ၊ သရက်ရွက်၊ အစာအိမ် အားနည်း၍ အေးတတ်သူများ သိပ်များများမစားသင့်ပါ။ သတိထားရန်အနေဖြင့် ခုံးကောင်ကို ဗီတာမင် B1 စားသုံးနေချိန်တွင် မစားရပါ။ ခုံးကောင်ကို စားသုံးလျှင် အကြိမ်တိုင်း ၅ ကောင်မှ ၁၀ ကောင်အထိ စားနိုင်သည်။ ခုံးကောင်ထဲတွင် ဗီတာမင်နှင့် အာဟာရဓာတ်ပြည့်ဝစွာ ပါဝင်သည်။ ခုံးကောင်ကို စားသုံးပြီးနောက် အေးမြ လန်းဆန်းသော ခံစားချက်ကို ရရှိစေနိုင်သည်။ ခုံးကောင်သည် စိတ်ရှုပ်ခြင်းနှင့် ဦးနှောက်ရာဂါတို့ကို ဖယ်ရှားပေးနိုင်သည်။ ဂုံးသားစားခြင်းကြောင့် အပူကင်းစေနိုင်သည်။ ခုံးကောင်တွင် ပရိုတင်း၊ အဆီ၊ ကာဗိုဟိုက်ဒရိတ်၊ အမိုင်နိုအက်ဆစ်၊ Taurine ဓာတ်၊ ဗီတာမင် B12၊ ဗီတာမင် E၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ ခယ်လီယမ်၊ မီးစုန်းဓာတ်၊ ဇင့်ဓာတ်တို့ ပြည့်ဝစွာ ပါဝင်သည်။ ခုံးကောင်စားခြင်းဖြင့်အသားဝါခြင်း၊ ရေဖျဉ်းဆွဲခြင်း၊လည်ပင်းကြီးရောဂါ၊သွေးယိုခြင်း၊ အဖြူဆင်းခြင်း၊ ဆီးချိုရောဂါတို့ကို ပျောက်ကင်းစေနိုင်သည်။ ဆီးသွားခြင်းကိုလည်း ကောင်းကျိုးပေး၏။ ခုံးကောင်တွင်ပါဝင်သော ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်၊ သတ္ထုဓာတ်၊ အမိုင်နိုအက်ဆစ်တို့ ပါဝင်မှု ကြောင့် အပူကျစေကာ လူကြီးများတွင် ဖြစ်ပွားသော နာတာရှည်ရောဂါကို ကူညီကုသပေးနိုင်သည်။[၂]

ခုံးကောင်ရွေးဝယ်ရာတွင် လက်ဖြင့် တစ်ကောင်ချင်းကိုင်၍ လှုပ်ကြည့်ပြီး ခုံးကောင်အတွင်းမှာ “ ဂလောက်” “ ဂလောက်” ဟု မြည်သံကြားပြီး အလေးချိန်မှာ ပေါ့ပါးနေလျှင် သေပြီးသား အကောင်ဖြစ်၍ အသေကို ရွေးဝယ်ပါ။ ခုံးကောင်ကို ရက်ရှည်ထား၍ သိမ်းဆည်းလိုပါက ဆားရည်ထဲတွင် စိမ်၍ ထားပေးပါ။ ခုံးကောင်ကို အသုံးပြုမည်ဆိုပါက အသုံးမပြုခင် ဆားရည်ဖြင့် တစ်နာရီကြာ စိမ်ပြီးမှ သုံးပါ။

ဝေါဟာရရင်းမြစ်[ပြင်ဆင်ရန်]

မြန်မာဝေါဟာရတွင် ဂုံး (သို့) ဂုံးကောင် (သို့) ခုံးကောင် ဟူ၍ ရေးသားတတ်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ဂုံး" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။
  2. ခုံးကောင်အစွမ်းများ | Pho Thu Taw | PhoThuTaw.com | ဖိုးသူတော်