ဂုံခါး
ပုံပန်းသွင်ပြင်
| ဂုံခါး | |
|---|---|
| en:Leptadenia pyrotechnica | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Plantae |
| Clade: | Angiosperms |
| Clade: | Eudicots |
| Clade: | Asterids |
| မျိုးစဉ်: | Gentianales |
| မျိုးရင်း: | Apocynaceae |
| မျိုးရင်းသေး: | Asclepiadoideae |
| မျိုးဇာတ်: | Ceropegieae |
| မျိုးစု: | Leptadenia R.Br. |
ဂုံခါး ၏ ရုက္ခဗေဒအမည်မှာ Leptadenia reticulata ဖြစ်သည်။ ၎င်းသည် အခြားသော အပင်တို့ကို မှီ၍ တက်သော နွယ်မျိုးဖြစ်၏။ အပွင့်ငယ်၏။ ဖြူ၏။ မွှေး၏။ ၎င်းဂုံသည် ဂုံချို၊ ဂုံခါး၊ ဂုံသမြား၊ ဂုံလက်တို၊ ဂုံဗောဓိ ဟူ၍ ၅ မျိုးရှိကြောင်းသိရသည်။ ဆေးတွင်မူ ဂုံခါးသာလျှင် အသုံးများကြသည်။ သုံးသောအခါ အမြစ်ကိုများသောအားဖြင့် သုံးကြ၏။ အရသာမှာ ချို၏၊ ဖန်၏၊ ခါးသက်သက်စပ်ရှားရှား ရှိ၏။ ပူ၏။ ဝိပါက၌ စပ်၏။ ဝမ်းမီးကိုတောက်စေ၏။ အစွမ်းသတ္တိအနေဖြင့် ကြေကျက်လွယ်၏။ နှုတ်ကို မြိန်စေ၏။ ဝဖြိုးစေ၏။ ကာမကို အားပေး၏။ အသံကို စင်ကြယ်စေ၏။ ပညာကို ပွားစေ၏။ အသက်ရှည်စေ၏။ လေ၊ သလိပ်ကို နိုင်၏။ ၎င်းအပြင် ကာလသား၊ ဝါသင့်၊ ခယရုဂ်၊ ချောင်းဆိုး၊ တုလာသရော၊ ပါဒရက်၊ အစာမကြေ၊ လေပြည့်၊ ဂူလုံး၊ အဆိပ်နှင့် အဖျားရောဂါတို့ကို ပျောက်ကင်းစေ၏ ဟု ဆိုသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်နာဂသိန် ပုံပြဆေးအဘိဓာန်(ပတွဲ-စာ၂၀၄)
| ဤ အပင် ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |