ဂုံချို

ဝီကီပီးဒီးယား မှ

ဂုံချိုသည် မိုးအခါတွင် အသက်ရှည်တတ်သော နွယ်ပင်မျိုးဖြစ်၏။ အနွယ်တွင် ဖြူ၍ ပြာသော အခေါက်ရှိသည်။ အရွက် ကျယ်၍ အနားတွင် ခွေးသွားစိတ်ရာရှိသည်။ ထူ၍ တောက်ပ၏။ အပွင့်သည် ပြာရောင်သန်း၍ စိမ်းပြီး ငယ်၏။ အဆုပ်လိုက် ပွင့်၏။ အသီးအပေါ်ဘက်မှာ ချော၍ အစေ့ရှိ၏။ အစွမ်းသတ္တိအနေဖြင့် ချုပ်၏။ သလိပ်ကိုပယ်တတ်၏။ နှုတ်မြိန်စေ၏။ ဖောရောင်ခြင်း၊ ဝမ်းအောင့်‌ရောဂါ၊ ပန်းနာတို့၌ ကောင်း၏။ အရွက်ကို ဟင်းချက် စားကြ၏။ နွဘ်၏ အခေါက်ကို ခွာယူ၍ ငါးပိနှင့် တို့မြှုပ်စားကြ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်နာဂသိန် ပုံပြဆေးအဘိဓာန်(ပတွဲ-စာ၂၀၅)