ဂီတသင်ခန်းစာ (ပန်းချီ)

ဝီကီပီးဒီးယား မှ
ဂီတသင်ခန်းစာ
Johannes Vermeer - Lady at the Virginal with a Gentleman, 'The Music Lesson' - Google Art Project.jpg
အနုပညာရှင်ဂျိုဟန်နက် ဗာမီယာ
ခုနစ်၁၆၆၂-၆၅ ဝန်းကျင်
ဒိုင်မင်းရှင်း74.6 cm × 64.1 cm (၂၉.၄ လက်မ × ၂၅.၂ လက်မ)
တည်နေရာတော်ဝင် စုစည်းမှု, လန်ဒန်

ဂီတသင်ခန်းစာ (အမည်ကွဲများ − စန္ဒာယားခုံပေါ်က မိန်းကလေး (သို့) စန္ဒယားခုံပေါ်က မိန်းကလေးနဲ့ ထိုလူကြီး) သည် ဂျိုဟန်နက် ဗာမီယာရေးသည့် ပန်းချီကား ဖြစ်ပြီး အမျိုးသမီးတပည့်ငယ်က အမျိုးသားတစ်ဦးထံမှ ဂီတသင်ခန်းစာ ယူနေဟန် ဆွဲထားသည်။ အမျိုးသား၏ မပွင့်တပွင့် နှုတ်ဟန်မှာ အမျိုးသမီးတီးသည့် တေးကို လိုက်ညည်းနေဟန် တူသည်။ မေတ္တာနှင့် ဂီတတို့ ပေါင်းကူးနေကြောင်း ထင်မြင်လာစေသည်။ ထိုအချိန်က ဤအခင်းအကျင်းမျိုးမှာ နယ်သာလန်၌ ခေတ်စားသည်။ သေသည့်တိုင် ရောင်းချခြင်း မပြုခဲ့သော်လည်း တိမ်းပါးသည့် ၁၆၇၅ ခုတွင် ကြွေးမြီများကြောင့် ကျန်ရစ်သူများက ရောင်းချလိုက်သည်။ ယခုမူ လန်ဒန်မြို့၊ ဘက်ကင်ဟမ်နန်းတော်ရှိ တော်ဝင် စုစည်းမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရောက်ရှိနေပြီ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]