မာတိကာသို့ ခုန်သွားရန်

ဂိုရပ်ပါဆေးရုံ သေဆုံးမှုများ

ဝီကီပီးဒီးယား မှ
ဂိုရပ်ပါဆေးရုံ သေဆုံးမှုများ
ဥတ္တရပဒေသပြည်နယ်အတွင်း ဂိုရပ်ပါခရိုင်၏ တည်နေရာ
အချိန်၁၀ ဩဂုတ် ၂၀၁၇–လက်ရှိ
ကြာမြင့်ချိန်ဖြစ်နေဆဲ
တည်နေရာဂိုရပ်ပါမြို့၊ ဥတ္တရပဒေသပြည်နယ်အိန္ဒိယနိုင်ငံ
ကိုဩဒိနိတ်26°48′44″N 83°24′3″E / 26.81222°N 83.40083°E / 26.81222; 83.40083ကိုဩဒိနိတ်: 26°48′44″N 83°24′3″E / 26.81222°N 83.40083°E / 26.81222; 83.40083
သေဆုံးသူ၇၂

ဂိုရပ်ပါဆေးရုံ သေဆုံးမှုများ သည် ၂၀၁၇ ခုနှစ် ဩဂုတ်လလယ်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ဥတ္တရပဒေသပြည်နယ်ဂိုရပ်ပါမြို့ရှိ နိုင်ငံပိုင် ဘာဘာရာဟပ်ဒတ် ဆေးကောလိပ်တွင် ကလေးငယ် ၇၀ ကျော်[] သည် ဆေးရုံသို့ ပေးပို့ထားသော အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးခဲ့ကြသည်။ ဆေးရုံ၏ အောက်ဆီဂျင်ထောက်ပံ့မှုကို ငွေကြေးထောက်ပံ့မှု မရှိသောကြောင့် အောက်ဆီဂျင် ထောက်ပံ့မှုပေးသူဖက်မှ ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်ရပ်များ

[ပြင်ဆင်ရန်]

ကြွေးမြီ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ပေးရန် ကျန်ရှိနေခြင်းကြောင့် ဘာဘရာဟပ်ဒတ် ဆေးကောလိပ်သို့ အောက်ဆီဂျင်ပေးသွင်းမှုကို အောက်ဆီဂျင်ထောက်ပံ့မှုပေးသူဖက်မှ ရပ်တန့်လိုက်ခြင်း ဖြစ်သည်။[] ဩဂုတ် ၁၀၊ ၂၀၁၇ မှစတင်ကာ ပထမ ၄၈ နာရီအတွင်း ကလေးငယ် ၃၀ သေဆုံးခဲ့ရာ၊ မွေးကင်းစဆောင်မှ ၁၇ ဦး၊ ပြင်းထန်ဦးနှောက်ရောင်ကုသဆောင်မှ ၅ ဦး၊ အထွေထွေကုသဆောင်မှ ၈ ဦး တို့ ဖြစ်သည်။ ဥတ္တရပဒေသပြည်နယ်အစိုးရမှ ဆေးရုံအုပ်ကို "ပေါ့ဆမှု"ဖြင့် ဩဂုတ် ၁၂၊ ၂၀၁၇ တွင် ရာထူးမှ ရပ်စဲခဲ့သည်။[]

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ ၏ရုံးက ကျန်းမာရေးဝန်ကြီး အန်နုပရီရာ ပတေးနှင့် ပြည်ထောင်စု ကျန်းမာရေး အတွင်းရေးမှူးတို့နှင့် အတူ အခြေအနေအား "အဆက်မပြတ် စောင့်ကြည့်နေသည်" ဟု ဆိုသည်။[] ဥတ္တရပဒေသပြည်နယ် ကျန်းမာရေးဝန်ကြီး ဆစ်ဟပ်နတ်ဆင်းက အောက်ဆီဂျင် ပြတ်လပ်မှုသည် သေဆုံးရခြင်းများ၏ အကြောင်းရင်းမဟုတ်ဟု ငြင်းဆိုခဲ့သည်။[] ဥတ္တရပဒေသပြည်နယ် ဝန်ကြီးချုပ် ယိုဂီအဒစ်ရာနတ် က မတော်တဆမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်တာဝန်ပေးခဲ့ပြီး "အပြစ်ရှိသူ မည်သူကိုမျှ သက်ညှာခြင်းမရှိစေရ" ဟု ကတိပေးခဲ့သည်။ ပြည်သူလူထုမှ ဖိအားပေးခဲ့ပြီးနောက် ဆေးရုံသို့ ယိုဂီအဒစ်ရာနတ် က ဩဂုတ် ၁၃၊ ၂၀၁၇ တွင် လာရောက်ခဲ့သည်။[]

အိန္ဒိယအမျိုးသားကွန်ဂရက်က သီးခြားစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ကို အိန္ဒိယနိုင်ငံတရားရုံးချုပ်က စောင့်ကြည့်ပေးရန် တောင်းဆိုခဲ့ကြသည်။ ရှေ့နေနှင့် ကွန်ဂရက်နိုင်ငံရေးသမား ဂျဗာရှာဂေး က "သေဆုံးမှုများအတွက် ဝန်ကြီးချုပ်၊ ကျန်းမာရေးဝန်ကြီး၊ ဆေးကောလိပ်ကျောင်းအုပ် တို့တွင် တာဝန်ရှိသည်။ ဥတ္တရပဒေသပြည်နယ်အစိုးရသည်လည်း သွေးစွန်းခဲ့ပြီ။ သူတို့သည် ဖုံးကွယ်ရန်အတွက် လုပ်ဆောင်နေကြသည်။" ဟု ပြောဆိုခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Gorakhpur hospital deaths: Yogi Adityanath, J P Nadda visit BRD as death toll rises to 72 The Indian Express (13 August 2017)။ 13 August 2017 တွင် ပြန်စစ်ပြီး။
  2. 30 Children Die in Indian Hospital Over 2 Days; Critics Cite Oxygen Shortage The New York Times (11 August 2017)။ 13 August 2017 တွင် ပြန်စစ်ပြီး။
  3. Husain၊ Yusra (12 August 2017)။ Gorakhpur hospital deaths: BRD Medical College principal suspended The Times of India 13 August 2017 တွင် ပြန်စစ်ပြီး။
  4. Udayakumar၊ Ganesh Kumar Radha (12 August 2017)။ PM Narendra Modi is constantly monitoring situation in Gorakhpur, his office says India Today 13 August 2017 တွင် ပြန်စစ်ပြီး။
  5. Sharma၊ Aman (13 August 2017)။ Oxygen doesn’t seem to be reason for Gorakhpur children dying: UP Health Minister SN Singh 13 August 2017 တွင် ပြန်စစ်ပြီး။
  6. Basu၊ Snigdha (13 August 2017)။ Facing Anger, Yogi Adityanath Visits Gorakhpur Hospital: 10 Points NDTV 13 August 2017 တွင် ပြန်စစ်ပြီး။
  7. Congress Calls For Supreme Court Monitored Probe Into Gorakhpur Deaths NDTV (13 August 2017)။ 13 August 2017 တွင် ပြန်စစ်ပြီး။