ဂရေ့ နာတာလီ
ဂရေ့ နာတာလီ | |
---|---|
အင်ဒိုနီးရှား ညီညွတ်ရေးပါတီ၏ ခေါင်းဆောင် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂၀၁၄ နိုဝင်ဘာ ၁၆ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ဂျာကာတာ, အင်ဒိုနီးရှား | ၄ ဇူလိုင်၊ ၁၉၈၂
နိုင်ငံရေးပါတီ | အင်ဒိုနီးရှား ညီညွတ်ရေးပါတီ |
ကြင်ဖော်(များ) | ကီဗင် အော့စမွန် |
ကိုးကွယ်သည့်ဘာသာ | ခရစ်ယာန် |
ဂရေ့ နာတာလီ (အင်္ဂလိပ်: Grace Natalie; ၄ ဇူလိုင် ၁၉၈၂ မွေးဖွား) သည် သတင်းကြေညာသူဟောင်း တစ်ဦးဖြစ်ပြီး သတင်းထောက်အဖြစ်လည်း လုပ်ကိုင်ဖူးသည်။ ယခုအခါ အင်ဒိုနီးရှား ညီညွတ်ရေးပါတီ (Partai Solidaritas Indonesia) အား ဦးဆောင်လျက် ရှိသည်။
ပညာရေး
[ပြင်ဆင်ရန်]ဂျာကာတာပြည်နယ်၊ ပီနာဘာမြို့ရှိ အမှတ်(၃) အထက်တန်းကျောင်း၌ အထက်တန်းအောင်ကာ အင်ဒိုနီးရှားစီးပွားရေးနှင့်သတင်းအချက်အလက်တက္ကသိုလ် (Institute of Business and Infomatics Indonesia) တွင် စာရင်းအင်းဘာသာ ဖြင့် ပညာသင်ခဲ့သည်။[၁] ဘုရားကျောင်းရှိ တနင်္ဂနွေကျောင်းတွင် အကူသင်အဖြစ်လည်း အလုပ်လုပ်ခဲ့သည်။[၂]
အဆင့်မြင့်ပညာသင်ကျောင်းသားများအတွက်ပြုလုပ်သည့် သတင်းထောက်ပြိုင်ပွဲ အစီအစဉ်ဖြစ်သော အက်စီတီဗွီရုပ်သံ၏ ကျောင်းဝင်းထဲကအက်စီတီဗွီ (SCTV Goes to Campus) ပြိုင်ပွဲတွင် သတင်းထောက်ပညာနှင့် ထိတွေ့ခွင့်ရသည်။[၃] ဂျာကာတာနယ်တွင် ဗိုလ်စွဲနိုင်ခဲ့ပြီး နိုင်ငံလုံးအဆင့်တွင် ထိပ်သီး (၅) ဦးတွင် စာရင်းဝင်သည်။[၄]
ရုပ်သံ အလုပ်
[ပြင်ဆင်ရန်]ပညာပြီးဆုံးသောအခါ အက်စီတီဗွီတွင် အလုပ်ဝင်သည်။ အစောပိုင်းကာလက ရုပ်သံသတင်းထောက်ဖြစ်ခဲ့ပြီး အမှုအခင်း၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လက်တလောဖြစ်ရပ်များကို သတင်းလိုက်သည်။ နောင်သော် လစ်ပူတန် ၆ သတင်းရုပ်သံလိုင်းသစ်တွင် သတင်းတင်ဆက်သူဖြစ်လာသည်။ သုံးနှစ်အတွင်း အက်စီတီဗွီမှ အေအန်တီဗွီ၊ ထိုမှတစ်ဆင့် တီဗွီဝမ်း သို့ ပြောင်းသည်။[၅]
နိုင်ငံရေးသမား ဘဝ
[ပြင်ဆင်ရန်]၂၀၁၂ ခုနှစ်၊ ဇွန်လတွင် တီဗွီဝမ်းမှထွက်ကာ ဆိုင်ဖူ မူဂျာနီ သုတေသနနှင့် အကြံပေး လုပ်ငန်း တွင် အမှုဆောင်ချုပ် ဖြစ်လာသည်။[၆] ၂၀၁၄ ရောက်သော် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။ ယခုအခါ ပါတီဝင် (၄) သိန်းကျော်ရှိသည့် အင်ဒိုနီးရှား ညီညွတ်ရေးပါတီ (ခေတ်သစ်လူငယ် ပါတီ ဟုလည်းခေါ်) ၏ ဥက္ကဋ္ဌဖြစ်ပြီး ၂၀၁၉ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ခံအဖြစ် ယှဉ်ပြိုင်မည် ဖြစ်သည်။[၇]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Profil Grace Natalie"၊ PT. Viva Media Baru။ 27 February 2018 တွင် ပြန်စစ်ပြီး။
- ↑ "Grace Natalie, diskriminasi dan Clinton yang menginspirasi"၊ Beritagar.id၊ 16 December 2015။ 27 February 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 17 June 2018။
- ↑ "Grace Natalie: The anomaly in Indonesian politics"၊ The Jakarta Post၊ 9 April 2015။ 27 February 2018 တွင် ပြန်စစ်ပြီး။
- ↑ "Grace Natalie Rasakan Kepuasan Klimaks Jadi Presenter TV"၊ detikcom၊ 15 December 2011။ 27 February 2018 တွင် ပြန်စစ်ပြီး။
- ↑ "Profil Grace Natalie"၊ PT. Viva Media Baru။ 27 February 2018 တွင် ပြန်စစ်ပြီး။
- ↑ "Ini Alasan Grace Natalie Keluar dari TV One"၊ Rakyat Merdeka Online၊ 8 July 2012။ 27 February 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 21 July 2018။
- ↑ "PSI Lolos Pemilu 2019, Grace Tulis Surat Untuk Kadernya"၊ PT Jawa Pos Grup Multimedia၊ 18 February 2018။ 27 February 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 27 February 2018။