ဂရီတာ သွန်းဘာ့

ဝီကီပီးဒီးယား မှ
Greta Thunberg
Greta Thunberg au parlement européen (33744056508), recadré.png
၂၀၁၉ ခု၊ ဧပြီလတွင် တွေ့ရသော သွန်းဘာ့
မွေးဖွား (2003-01-03) ၃ ဇန်နဝါရီ၊ ၂၀၀၃ (အသက် ၂၀)
စတော့ဟုမ်း၊ ဆွီဒင်
အလုပ်အကိုင်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူ
တက်ကြွလှုပ်ရှားနှစ်များ2018–present
နိုင်ငံရေး လှုပ်ရှားမှုဥတုပြောင်းဖို့ ကျောင်းသားသပိတ်

ဂရီတာ သွန်းဘာ့ (အင်္ဂလိပ်: Greta Thunberg) (၂၀၀၃-) သည် ဆွီဒင်လူမျိုး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်ပေါ်သော ဘေးအန္တရာယ်တို့ကို အဓိကထား လုပ်သည်။

၂၀၁၈ ခု၊ ဩဂုတ်လတွင် ကျောင်းချိန်၌ ကျောင်းမတက်ဘဲ ဆွီဒင်လွှတ်ရုံးရှေ့တွင် တကိုယ်တော် ဆန္ဒပြသည်။ မကြာမီပင် သူ့သပိတ်သို့ အခြားကျောင်းသားများလည်း ဝင်ရောက်လာသည်။ ထိုသို့ သပိတ်မှောက်သူများ စုပေါင်းကာ ကျောင်းသားသပိတ် လှုပ်ရှားမှုကို အနာဂတ်အတွက် သောကြာနေ့ အမည်ဖြင့် ဖော်ဆောင်သည်။ ၂၀၁၈ ခု၊ ကုလသမဂ္ဂ ဥတုပြောင်းလဲခြင်းဆိုင်ရာ နှီးနှောပွဲ (2018 UN Climate Change Conference) တွင် သွန်းဘာ့က စကားပြောခွင့်ရပြီးနောက် ထိုကျောင်းသားလှုပ်ရှားမှုမှာ ကမ္ဘာအနှံ့သို့ ပျံ့သွားသည်။ ၂၀၁၉ ခုတွင် အနည်းဆုံး မြို့နှစ်မြို့ပါသည့် မြို့ပေါင်းစုံ ဆန္ဒပြပွဲများ လုပ်နိုင်လာပြီး တမြို့လျှင် ကျောင်းသား ၁၀ သိန်းကျော်ပါသည့် လှုပ်ရှားမှုများ ဖြစ်သည်။

ရှင်းရှင်းပြောတတ်ခြင်းကြောင့် သွန်းဘာ့ကို လူသိများသည်။ ပြောလိုရာကို အချက်ကျကျ ထောက်တတ်သည်။ လူထုတွေ့ဆုံပွဲများတွင်သာမက နိုင်ငံခေါင်းဆောင်များနှင့် တွေ့လျှင်လည်း ကပ်ဆိုက်နေသည့်အခြေအနေကို အလေးထား၍ လက်ငင်းအကောင်အထည်ဖော်ရန် တောင်းဆိုလေ့ ရှိသည်။ အိမ်တွင်လည်း မိဘများကို ကာဘွန်လျှော့သုံးရန်၊ အသားမစားရန် စည်းရုံးထားသည်။

ကမ္ဘာသိပုဂ္ဂိုလ် ဖြစ်လာခြင်းကြောင့် ၂၀၁၉ ခု၊ မေလထုတ် တိုင်းမ်မဂ္ဂဇင်းတွင် နောင်အနာဂတ်ခေါင်းဆောင် အမည်နှင့် မျက်နှာဖုံးရှင် ဖြစ်လာသည်။ အချို့မီဒီယာများက ယခုဖြစ်လာသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျောင်းသားလှုပ်ရှားမှုများကို ဂရီတာ ဖြစ်စဉ် ဟု ခေါင်းစဉ်ပေးကြသည်။