ဂရိတ်ဇင်ဘာဘွေမြို့ဟောင်း

ဝီကီပီးဒီးယား မှ
ဂရိတ်ဇင်ဘာဘွေ နိုင်ငံတော် အထိမ်းအမှတ်အဆောက်အဦး*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ဇင်ဘာဘွေ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i, iii, vi
ကိုးကား ၃၆၄
ဒေသ** အာဖရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၆  (ဒသမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ဂရိတ်ဇင်ဘာဘွေမြို့ဟောင်း သည် ဇင်ဘာဘွေနိုင်ငံ၏ အရှေ့တောင်ပိုင်း တောင်ကုန်းများပေါ်တွင် တည်ရှိသော အလယ်ခေတ် မြို့တော်တစ်ခုဖြစ်ပြီး မူတီရီကွီကန် နှင့် မက်စ်ဗင်ဂိုမြို့တို့ အနီးတွင် တည်ရှိသည်။ ၎င်းသည် တိုင်းပြည်ကြီး တစ်ပြည်၏ မြို့တော်ဖြစ်မည်ဟု ယူဆရသော်လည်း မည်သည့်တိုင်းပြည် ဖြစ်သည်ဆိုသည်မှာမူ မသေချာသော်လည်း [၁] သံခေတ်နှောင်းပိုင်းတွင် တည်ရှိခဲ့သည်။ မြို့တော်အား တည်ဆောက်မှုမှာ ၁၁ ရာစုတွင် စတင်ခဲ့ပြီး ၁၅ ရာစု စွန့်ပစ်ခဲ့သည့် အချိန်အထိ ဖြစ်သည်။ အဆောက်အဦးများကို ရှိုနာလူမျိုးတို့၏ ဘိုးဘေးများက တည်ဆောက်ခဲ့သည်ဟု ယုံကြည်ရသည်။ [၂] ကျောက်တုံးဖြင့် တည်ဆောက်ထားသော မြို့သည် ဧရိယာအားဖြင့် ၇.၂၂ စတုရန်း ကီလိုမီတာ (၂.၇၉ စတုရန်းမိုင်) ကျယ်ဝန်းပြီး အထွဋ်အထိပ်ရောက်ခဲ့သော အချိန်က လူဦးရေ ၁၈,၀၀၀ ခန့် အထိ နေထိုင်နိုင်ခဲ့သည်။ ၎င်းကို ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာ တစ်ခု အဖြစ် သတ်မှတ်ထားသည်။

ကိုးကား[ပြင်ဆင်ရန်]