ဂရန်ဂျား၊ ဖာလီ

ဝီကီပီးဒီးယား မှ
ဖာလီဂရန်ဂျား
Farley Granger
ကြိုး (Rope) ရုပ်ရှင်တွင် တွေ့ရသော ဖာလီဂရန်ဂျား (၁၉၄၈)
မွေးဖွားFarley Earle Granger
(1925-07-01)ဇူလိုင် ၁၊ ၁၉၂၅
ဆန်ဂျိုးစ်မြို့ကယ်လီဖိုးနီးယားပြည်နယ်
 အမေရိကန်
ကွယ်လွန်မတ် ၂၇၊ ၂၀၁၁(2011-03-27) (အသက် ၈၅)
နယူးယောက်မြို့နယူးယောက်ပြည်နယ်၊ U.S
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၁၉၄၃–၂၀၀၄
လက်တွဲဖော်(များ)Robert Calhoun
(1959–2008; Calhoun's death)
ဖာလီဂရန်ဂျား

ဖာလီဂရန်ဂျားကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဂျိုးစ်မြို့၌ ၁၉၂၅ ခုနှစ်တွင် မွေးဖွားသည်။ အထက်တန်းကျောင်းမှ ထွက်ပြီး မကြာမီ ရုပ်ရှင်ထုတ်လုပ်သူ ဆင်မြူရယ်ဂေါ်ဒွင်က စိတ်ဝင်စားသောကြောင့် ၁၉၄၃ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် The North Star ဇာတ်ကားတွင် ဇာတ်ဝင်ခန်းအနည်းအကျဉ်း စတင်သရုပ်ဆောင်ခြင်းမှစ၍ ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် The Purple Heart ဇာတ်ကားတွင် စတင်၍ အရေးကြီးသော ကဏ္ဍမှပါဝင်ခွင့်ရခဲ့သည်။ ၎င်းသရုပ်ဆောင်ခဲ့သော ဇာတ်ကားအချို့မှာ Strangers on a Train, Rope, Enchantment Full House,Senso တို့ဖြစ်သည်။ ၁၉၈၀ ခုနှစ်တွင် ကျော်ကြားသော ပြဇာတ်ဖြစ်သည့် Deathtrap တွင် သရုပ်ဆောင်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် The Carefree Tree ပြဇာတ်တွင် သရုပ်ဆောင်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင်၎င်း၏Include Me Out: My Life From Goldwyn to Broadway အမည်ရှိသော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ရေးသားခဲ့သည်။ ဖာလီဂရန်ဂျားသည် မတ်လ ၂၇ ရက်တွင် နယူးယောက်မြို့၌ အသက် ၈၆ နှစ်တွင် ကွယ်လွန်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)