ဂန် ဒန်နီယယ်
Kang Daniel | |
---|---|
ဇာတိ အမည် | 강다니엘 |
မွေးဖွား | Busan, တောင်ကိုရီးယား | ဒီဇင်ဘာ ၁၀၊ ၁၉၉၆
နိုင်ငံလူမျိုး | တောင်ကိုရီးယား |
အလုပ်အကိုင် | Singer |
တက်ကြွလှုပ်ရှားနှစ်များ | 2017–present |
ကိုယ်စားလှယ် | KONNECT Entertainment |
ဂီတခရီးလမ်း | |
ဂီတဟန် | |
တူရိယာ | Vocals |
တေးသံသွင်း ကုမ္ပဏီ | YMC Entertainment Swing Entertainment KONNECT Entertainment |
ပူးတွဲ ပါဝင်မှု | Wanna One |
ကိုရီးယားနာမည် | |
ဟန်းဂု | 강다니엘 |
Revised Romanization | Kang Daniel |
McCune–Reischauer | Gang Daniel |
လက်မှတ် | |
![]() |
Kang Daniel (Hangul: 강다니엘, born December 10, 1996) သည်တောင်ကိုရီးယားနိုင်ငံမှအောင်မြင်သောအဆိုတော်တစ်ဦးဖြစ်ပြီး, Produce 101 Season 2အစီအစဉ်တွင်ပထမရသောကြောင့် လူသိများခဲ့သည်။ တောင်ကိုရီးယား အမျိုးသားအဆိုတော် အဖွဲ့ wannaone ၏အဖွဲ့ဝင် အဖြစ် အနုပညာအလုပ်များလုပ်ကိုင်ခဲ့ပြီး ယခုအခါတွင် တစ်ကိုယ်တော်အနေဖြင့် အနုပညာနယ်ပယ်တွင် အောင်မြင်စွာ ရပ်တည်နေပြီဖြစ်သည် ။[၁]
သက်မွေးမှု[ပြင်ဆင်ရန်]
အစောပိုင်းဘဝ နှင့် မအောင်မြင်ခင်[ပြင်ဆင်ရန်]
ကန်ဒန်နီရယ်သည် ကန်အွီဂယွန်း (강의건)အဖြစ်ဖြင့် ဘူဆန်, တောင်ကိုရီးယား တွင်မွေးဖွားခဲ့သည်။ တစ်ဦးတည်းသောသား ဖြစ်သည်။[၂] နာမည် တရားဝင်ပြောင်းလဲခဲ့ခြင်းမှာ မိသားစုနှင့် ဆွေမျိုးများကပင် အမည်ဟောင်းကို အသံထွက်ရန်ခက်ခဲသောကြောင့် ဖြစ်သည်။[၃] ဒန်နီရယ်သည် အတန်းပိုင်ဆရာ၏ အကြံပေးမှုကြောင့် အကပညာကို စတင်သင်ယူခဲ့သည်။ Hello Counselor ဟူသော ရသစုံအစီအစဉ်တစ်ခုတွင် ပါဝင်ခဲ့စဉ်က သူငယ်ငယ်မူလတန်းကျောင်းသားဘဝ ရုပ်ရည်သွင်ပြင်ကြောင့် စနောက်ခံခဲ့ရကြောင်း ဝါသနာပါရာ အကဖြင့်သာ မိမိကိုယ်ကိုယ်ယုံကြည်စိတ်တည်ဆောက်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ [၄] ဒန်နီရယ်သည် Produce 101 Season 2 ပြိုင်ပွဲမဝင်ခင် ၂နစ်နင့် တစ်လကြာ လေ့ကျင့်ခဲ့သည်။[၅] အစက B2M Entertainment တွင် စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် MMO Entertainment ၏ လေ့ကျင့်ရေး သင်တန်းသားတစ်ယောက် ဖြစ်လာခဲ့သည်။ သင်တန်းသားဘဝတွင် Backup Dancer တစ်ယောက်အနေဖြင့် အစီအစဉ်တစ်ခုတွင် ပါဝင်ခဲ့ဖူးသည်။[၆]
၂၀၁၇-၂၀၁၈ ( WannaOne အဖွဲ့ဝင်အနေဖြင့် )[ပြင်ဆင်ရန်]
၂၀၁၇ တွင် ဒန်နီရယ်သည် Produce101 Season2 တွင် MMO Entertainment ၏ သင်တန်းသားတစ်ယောက်အနေဖြင့် ပြိုင်ပွဲဝင်ခဲ့သည်။ ထိုပြိုင်ပွဲတွင် ပထမဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် YMC Entertainment အောက်တွင် WannaOne အဖွဲ့တစ်ဦးအနေဖြင့် အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့သည်။ ၂၀၁၇၊ ဩဂုတ်လ၊ ၇ရက်တွင် 1×1=1 (To Be One) ဟူသော အခွေဖြင့် ပွဲဦးထွက်ခဲ့သည်။ [၇][၈] ပွဲဦးထွက်ရန်ပြင်ဆင်နေစဉ်အတွင်း MBC ၏ တီဗွီအစီအစဉ်တစ်ခုဖြစ်သော It's Dangerous Beyond The Blanket အစီအစဉ်တွင် ပါဝင်ရန် အတည်ပြုခဲ့သည်။ ထိုအစီအစဉ်ကို ၂၀၁၇၊ ဩဂုတ်လ၊ ၂၇ ရက်တွင် ပြသခဲ့သည်။ [၉][၁၀] ထိုလတွင်ပင် တစ်ဟုန်ထိုး ကျော်ကြားလာသော သူ့အကြောင်းကို တောင်ကိုးရီးယား၏ နာမည်ကြီး Weekly Chosun magazine တွင် ထည့်သွင်းဖော်ပြခြင်းခံခဲ့ရသည်။ [၁၁] ၂၀၁၇ အောက်တိုဘာလထုတ် InStyle Korea fashion magazine ၏ မျက်နာဖုံးတွင် ဖော်ပြခြင်း ခံခဲ့ရသည်။ ၁၄နစ်ကြာအတွင်း ပထမဆုံးဖော်ပြခြင်းခံရသော အမျိုးသားအနုပညာရင်ဖြစ်လာခဲ့သည်။ [၁၂][၁၃] ထိုနောက် SBS ၏ Master Key အစီအစဉ်တွင် ပါဝင်ခဲ့ပြီး 2017 SBS Entertainment Awards ဆုပေးပွဲတွင် လူသစ်တန်းဆု (ရသစုံအစီအစဉ်များအတွက်) ကို ရယူနိုင်ခဲ့သည်။ [၁၄][၁၅]
၂၀၁၈ တွင် ဒန်နီရယ်သည် တစ်ကိုယ်တော်အလုပ်များခဲ့ပြီး Davichi ၏ "Days Without You" (너 없는 시간들) သီချင်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သလို It's Dangerous Beyond the Blankets အစီအစဉ်၏ ဒုတိယတွဲတွင်လည်း ဆက်လက်ပါဝင်ရိုက်ကူးခဲ့သည်။[၁၆][၁၇] ထိုအစီအစဉ်ဖြင့်ပင် 2018 MBC Entertainment Awards ဆုပေးပွဲတွင် လူသစ်တန်းဆုကို ရခဲ့သည်။ [၁၈] Wanna One အနေဖြင့်လည်း Wanna One ၏ အဖွဲ့ခွဲ Triple Position ကို ဖွဲ့စည်းခဲ့ရာ "Triple Position" သည် 2018 Mnet Asian Music Awards ဆုပေးပွဲတွင် အကောင်းဆုံးအဖွဲ့ခွဲဆုကို သိမ်းပိုက်နိုင်ခဲ့သည်။[၁၉] ၂၀၁၈ ဒီဇင်ဘာလ ၃၁ ရက်တွင် Wanna One အဖွဲ့သည် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး ၂၀၁၉ ဇန်နဝါရီ ၂၄-၂၇ ဖျော်ဖြေပွဲများအပြီးတွင် အဖွဲ့ကို တရားဝင်ဖျက်သိမ်းခဲ့ပြီ ဖြစ်သည်။ ဒန်နီရယ်သည် ဖျက်သိမ်းပြီးသည်အထိ Wanna One အဖွဲ့ဝင်အနေဖြင့် ဖျော်ဖြေပွဲများတွင် ဆက်လက်ပါဝင်ခဲ့သည်။[၂၀]
၂၀၁၉ ( တစ်ကိုယ်တော်အနေဖြင့် )[ပြင်ဆင်ရန်]
၂၀၁၉ ဇန်နဝါရီ ၃၁ရက်တွင် ဒန်နီရယ်သည် LM Entertainment သို့ ပြောင်းရွေ့ခဲ့သည်။[၂၁] သို့သော် ၂၀၁၉ မတ်လ ၂၁ရက်တွင် ဒန်နီရယ်သည် သူ၏ LM Entertainment နင့် စာချုပ်ကို ဆိုင်းငံ့ရန် တရားရုံးသို့ အဆိုတင်သွင်းခဲ့သည်။ LM သည် ဒန်နီရယ်၏ ခွင့်ပြုချက်မပါဘဲ အခြားအဖွဲ့အစည်းတစ်ခုသို့ စာချုပ်ပါ မူပိုင်ခွင့်များကို ရောင်းချခဲ့သည်ဟု ဆိုသည်။[၂၂] ၂၀၁၉ မေ ၁၀ရက်တွင် တရားရုံးက စာချုပ်ကို ဆိုင်းငံ့ရန် ဆုံးဖြတ်ပေးခဲ့သည်။ ထို့ကြောင့် ဒန်နီရယ်သည် အနုပညာလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြန်လည်ရခဲ့သည်။[၂၃]ထို့နောက် ၂၀၁၉ ဇွန်လ ၁၀ရက်တွင် ဒန်နီရယ်သည် မိမိ၏ ကိုယ်ပိုင်အေဂျင်စီ Konnect Entertainment ကို တည်ထောင်ခဲ့ကြောင်း သိရသည်။[၂၄]LM သည် တရားရုံး၏ ဆုံးဖြတ်ချက်ကို လက်မခံဘဲ အယူခံဝင်ခဲ့ရာ ၂၀၁၉ မေလ ၂၆ရက်တွင် ဒုတိယအကြိမ် တရားခွင်ဝင်ခဲ့သော်လည်း ဆိုးလ်ဗဟိုတရားရုံးက ၂၀၁၉ ဇူလိုင်လ ၁၁ရက်တွင် ပယ်ချခဲ့သည်။[၂၅] ထိုနေ့တွင်ပင် ဒန်နီရယ်သည် ၂၀၁၉ ဇူလိုင် ၂၅ရက်တွင် တစ်ကိုယ်တော်အခွေဖြင့် ပွဲဦးထွက်မည်ဖြစ်ကြောင်း အေဂျင်စီ၏ website တွင် ကြေညာခဲ့သည်။ [၂၆]
မီဒီယာတွင်ဖော်ပြချက်များ[ပြင်ဆင်ရန်]
ဒန်နီရယ်သည် Korean Corporate Reputation Research Institute ကထုတ်ပြန်သည့် 'Male Model Brand Power Ranking' နင့် 'Individual Boy Group Members Brand Power Ranking' ဇယားများတွင် ထိပ်ဆုံးကသာ ရပ်တည်ခဲ့သည်။ [၂၇][၂၈] ၂၀၁၇ အကုန်တွင် Gallup Korea က ကောက်ယူခဲ့သော စစ်တမ်းအရ ဒန်နီရယ်သည် လူကြိုက်အများဆုံးအိုင်ဒေါလ်အဆိုတော်စာရင်းတွင် ဒုတိယဖြစ်ခဲ့သည်။[၂၉]
၂၀၁၈ ဇန်နဝါရီတွင် ဒန်နီရယ်၏ အမည်သည် Forbes Korea ၏ 2030 Power Leaders in entertainment စာရင်းတွင် ပါဝင်ခဲ့သည်။ [၃၀][၃၁] ထို့ပြင် Gallup Korea ၏ စာရင်းအရ ၂၀၁၈အတွက် ငါးယောက်မြောက် လူကြိုက်အများဆုံးအိုင်ဒေါလ် ဖြစ်ခဲ့သည်။[၃၂]
၂၀၁၉ ဇန်နဝါရီ ၃ရက်တွင် Guinness World Records က ဒန်နီရယ်သည် ဇန်နဝါရီလ ၁ရက်နေ့တွင် အင်စတာဂရမ်အကောင့်စတင်ဖွင့်ခဲ့ပြီး ၁၁နာရီ ၃၆မိနစ်အတွင်း ဖော်လိုဝါ ၁သန်း ရခဲ့သည့်အတွက် ယခင်က ၁၂နာရီအတွက် စံချိန်တင်ခဲ့သည့် Pope Francis ကို ဖြတ်ကျော်ပြီး ဂင်းနစ်စံချိန်အသစ်တင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။[၃၃][၃၄] ထို့ပြင် Forbes ၏ ၂၀၁၉အတွက် Korea Power Celebrity စာရင်းတွင် ဒန်နီရယ်သည် စတုတ္ထနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ နာမည်ကြီးအဖွဲ့များကြားတွင် တစ်ဦးချင်းအနေဖြင့် Top 5 ဝင်ခဲ့ခြင်း ဖြစ်သည်။[၃၅]
၂၀၁၉ ဇွန်လ ၁၂ရက်တွင် ဒန်နီရယ်၏ အေဂျင်စီက ဒန်နီရယ်သည် ဘူဆန်မြို့၏ သံအမတ်အဖြစ် ခန့်အပ်ခြင်း ခံရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၂၀၁၉ ဧပြီလက ဘူဆန်မြို့ကို ကိုယ်စားပြုမည့် ထိုရာထူးအတွက် မဲပေးသည့်အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ရာ ဘူဆန်မြို့သူမြို့သားများက ဒန်နီရယ်ကို မဲပေးရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ [၃၆][၃၇] တရားဝင် သံအမတ်ခန့်အပ်ပွဲကို ၂၀၁၉ ဇူလိုင်လ ၉ရက်၊ Sajik Baseball Stadium တွင် ကျင်းပခဲ့ရာ ဘူဆန်မြို့တော်ဝန် Oh Keo-don ကိုယ်တိုင်တက်ရောက်ခဲ့သည်။ ထိုပွဲတွင် ဒန်နီရယ်သည် KBO League ဘေ့စ်ဘောပြိုင်ပွဲအတွက် ceremonial first pitch ကို ပစ်ခွင့်ရခဲ့သည်။ [၃၈][၃၉][၄၀]
ကိုးကား[ပြင်ဆင်ရန်]
- ↑ "'프듀2' 강다니엘 워너원 최종 센터, 2등 박지훈·11등 하성운(종합)" (in ko)။
- ↑ "[엑's 토크 '한끼줍쇼'PD "솔직한 강다니엘·박지훈, 규동형제와 케미 굿"]" (in ko)။
- ↑ PRODUCE 101 season2 [101 스페셜 국.프가 묻는다! 170616 EP.11] (in Korean)။ Mnet (15 June 2017)။
- ↑ "Wanna One’s Kang Daniel Shares Experience Of Being Severely Bullied As A Kid"၊ Soompi၊ 3 September 2017။တမ်းပလိတ်:Unreliable source?
- ↑ Kang Daniel Official Profile (in Korean)။ Mnet။ 9 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 September 2017 တွင် ပြန်စစ်ပြီး။
- ↑ '비디오스타' 차오루 "강다니엘과 과거 예능서 '초대' 췄다" (in Korean)။ 마이데일리 (27 June 2017)။
- ↑ "[공식 워너원, 8월 7일 정식 데뷔…고척 스카이돔서 데뷔 무대]" (in Korean)၊ Sports Chosun၊ 5 July 2017။ 6 July 2017 တွင် ပြန်စစ်ပြီး။
- ↑ ‘Produce 101’ group Wanna One makes debut။ Korea JoongAng Daily (8 August 2017)။
- ↑ "Wanna One’s Kang Daniel Confirmed To Join MBC’s New Pilot Variety Program"၊ Soompi၊ 17 July 2017။
- ↑ "Xiumin, Kang Daniel, And Yong Junhyung’s Hobbies Revealed In Profiles For New Variety Show"၊ Soompi၊ 14 August 2017။[လင့်ခ်သေ]
- ↑ 시사 주간지 표지모델에 등장한 강다니엘 (in Korean)။ Naver (11 August 2017)။ 17 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 July 2019 တွင် ပြန်စစ်ပြီး။
- ↑ "Wanna One’s Kang Daniel Is First Male Celeb To Grace The Cover Of Instyle In 14 Years"၊ Soompi၊ 11 September 2017။
- ↑ 강다니엘 섹시미 폭발...'따끈따끈한 강다니엘 화보' (in Korean)။ Biztribune (12 September 2017)။
- ↑ "강다니엘-옹성우, SBS 새 예능 ‘마스터키’ 출연…10월 14일 첫방 [공식입장]"၊ Naver၊ 21 September 2017။
- ↑ "미우새母'가 남긴 이변…SBS연예대상 대상 수상"၊ Dailian၊ 31 December 2017။
- ↑ 다비치 "강다니엘 뮤직비디오 출연 요청, 확정 NO (in Korean)။ Busan.com (21 December 2017)။
- ↑ 컬투쇼' 다비치 "MV 출연 강다니엘에게 소고기 쿠폰 선물 (in Korean)။ Osen (25 January 2018)။
- ↑ MBC 연예대상 이영자, KBS 이어 MBC 대상 수상···여성 최초 2관왕] (in Korean)။ Naver (30 December 2018)။
- ↑ Wanna One Triple Position Wins "Best Unit" at 2018 MAMA in Hong Kong။ Mwave (14 December 2018)။ 19 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 July 2019 တွင် ပြန်စစ်ပြီး။
- ↑ "워너원 측 "12월31일 계약종료, 1월 콘서트로 마무리"(공식입장 전문)" (in ko)။
- ↑ [강다니엘·윤지성, MMO→LM 엔터로 변경‥"최선 다해 지원할 것"[공식입장]] (31 January 2019)။ 31 January 2019 တွင် ပြန်စစ်ပြီး။
- ↑ [강다니엘 측 "LM 상대로 전속계약 효력정지 가처분 신청, 팬들에 죄송" [전문]] (21 March 2019)။ 21 March 2019 တွင် ပြန်စစ်ပြီး။
- ↑ [공식입장 법무법인 율촌, "강다니엘 독자적 연예활동 가능"…법원 강다니엘 손 들어줘] (10 May 2019)။
- ↑ [강다니엘, 1인기획사 커넥트엔터 설립…솔로 데뷔 준비 돌입 [공식]] (10 June 2019)။ 10 June 2019 တွင် ပြန်စစ်ပြီး။
- ↑ 강다니엘 측 "전속계약효력 정지, 여전히 유효"[공식입장] (in ko) (11 July 2019)။ 12 July 2019 တွင် ပြန်စစ်ပြီး။
- ↑ 강다니엘 측, "25일 솔로 데뷔…퍼포먼스에 총력 기울이는 중" (in ko) (12 July 2019)။ 12 July 2019 တွင် ပြန်စစ်ပြီး။
- ↑ 워너원 강다니엘, 남자 광고모델 브랜드평판1위…2위백종원·3위박보검 (in ko) (November 24, 2018)။
- ↑ 워너원 강다니엘, 7월 보이그룹 개인 브랜드평판 12개월 연속 1위 (in ko) (July 21, 2018)။
- ↑ 2017년 올해를 빛낸 가수와 가요 - 최근 11년간 추이, 아이돌 선호도 포함 (in ko) (December 19, 2017)။
- ↑ "[파워리더 2030 한국 사회 혁신 이끌 30인의 유망주들]" (in ko)၊ Joins၊ January 23, 2018။
- ↑ "[파워리더 2030 ENTERTAINMENT 김태리 배우 외 1그룹, 3인]" (in ko)၊ Joins၊ January 23, 2018။
- ↑ 2018년 올해를 빛낸 가수와 가요 - 최근 12년간 추이 포함 (in ko) (December 18, 2018)။
- ↑ South Korean K-Pop star Kang Daniel breaks pope's Instagram fans record (January 3, 2019)။
- ↑ 강다니엘, 기네스북 올랐다...개인 SNS 최단 100만 팔로워 '신기록' (in ko) (January 4, 2019)။
- ↑ "포브스코리아 선정 2019 파워 셀러브리티 40" (in ko)၊ April 23, 2019။
- ↑ 강다니엘, 부산시 홍보대사 위촉 (in ko) (June 12, 2019)။
- ↑ "강다니엘, 부산시 홍보대사 위촉 "고향 위해 뭔가 하고 싶었다"(공식입장)" (in ko)၊ Newsen၊ June 12, 2019။
- ↑ "강다니엘, 부산시 홍보대사 위촉식 참석+NC-롯데전 시구 [공식]" (in ko)၊ Sports Donga၊ July 3, 2019။
- ↑ "강다니엘 "부산시 홍보대사·시구·새 앨범, 모두 기대해주길" [인터뷰]" (in ko)၊ Sports Donga၊ July 9, 2019။
- ↑ "강다니엘 "영광스러운 시구 감사…롯데 자이언츠 화이팅!"" (in ko)၊ Joins၊ July 9, 2019။