ဂဒလဒေနိယဝိဟာရ
ဂဒလဒေနိယဝိဟာရ Gadaladenyia Vihara | |
---|---|
ගඩලාදෙණිය විහාරය | |
အချက်အလက်များ | |
တည်နေရာ | Kandy, Sri Lanka |
ကိုဩဒိနိတ် | 07°15′26.3″N 80°33′21.9″E / 7.257306°N 80.556083°Eကိုဩဒိနိတ်: 07°15′26.3″N 80°33′21.9″E / 7.257306°N 80.556083°E |
ဘာသာရေး နှီးနွယ်မှု | Buddhism |
ခရိုင် | Kandy |
စီရင်စု | Central Province |
နိုင်ငံ | သီရိလင်္ကာနိုင်ငံ |
အမွေအနှစ် သတ်မှတ်ခြင်း | Archaeological protected monument[၁] (11 May 1956) |
ဗိသုကာပညာရှင် | Ganesvarachari |
ဗိသုကာ အမျိုးအစား | Buddhist Temple |
တည်ထောင်သူ | King Bhuvanekabahu IV |
ပြီးစီး | 1344 |
ဂဒလဒေနိယဝိဟာရ (သီဟိုဠ်: ගඩලාදෙණිය විහාරය) သည် သီရိလင်္ကာနိုင်ငံ၊ ကန်ဒီခရိုင်၊ ပိလိမသလဝဆင်ခြေဖုံးအရပ်တွင် တည်ရှိသည့် ရှေးဟောင်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ၎င်းကျောင်းတော်ကို Saddharmatilaka Vihara or Dharma Kirthi Viharaya ဟူ၍လည်း ခေါ်ကြသည်။ ကျောင်းတော်သည် Gadaladenyia လမ်းမ(B116) ပေါ်တွင် တည်ရှိသည်။ ကန်ဒီမြို့၏ အနောက်ဘက် ၁၂.၅ ကီလိုမီတာအကွာ၊ ရှေးဟောင်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခုဖြစ်သည့် Lankatilaka ဝိဟာရမှ ၃ ကီလိုမီတာ (၁.၉ မိုင်) အကွာ၊ Colombo - Kandy လမ်းမ (A1) ၏ Gadaladeniya လမ်းဆုံနားတွင် တည်ရှိသည်။ ဤဝိဟာရသည် သီရိလင်္ကာတွင် အကြီးဆုံးကျောက်ဆောင်ကျောင်းတော်ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။[၂]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဤကျောင်းတော်၏ သမိုင်းကြောင်းသည် ၁၄ ရာစု ကာလက ဖြစ်ခဲ့သည်။ [၃] သမိုင်းကြောင်းဆိုင်ရာ လေ့လာတင်ပြချက်များအရ ကျောင်းတော်ကို ၁၃၄၄ တွင် ဘုရင် Bhuvanekabahu IV ၏ အားပေးထောက်ပံ့မှုဖြင့် ရဟန်းတော် Ven. Seelavamsa Dharmakirti က တည်ဆောက်ခဲ့သည်။[၄] ဘုရင် Bhuvanekabahu IV သည် အေဒီ ၁၃၄၁ မှ ၁၃၅၁ အထိ အုပ်ချုပ်ခဲ့သူ ဖြစ်သည်။ ကျောင်းတော်၏ ဗိသုကာလက်ရာသည် အိန္ဒိယတောင်ပိုင်း ဗိသုကာပညာရှင်တစ်ဦးဖြစ်သည့် Ganesvarachari က တည်ဆောက်ခဲ့သည့် ဟိန္ဒူအနုပညာပုံစံကို ယူကာ ဆောက်လုပ်ထားသည်။[၅]
အဓိကကျောင်းတော်
[ပြင်ဆင်ရန်]ဒုတိယကျောင်းတော်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Protected Monument List 2012-12-12။ Department of Archaeology (12 December 2012)။ 23 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2022 တွင် ပြန်စစ်ပြီး။
- ↑ de Thabrew၊ W. Vivian (2013)။ Monuments and Temples of Orthodox Buddhism in India and Sri Lanka။ Author House။ p. 66။ ISBN 9781481795517။
- ↑ Gadaladeniya Viharaya။ kandycity.org (10 February 2012)။ 20 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 November 2016 တွင် ပြန်စစ်ပြီး။
- ↑ Seneviratna, Anuradha; Polk, Benjamin (1992)။ Buddhist Monastic Architecture in Sri Lanka: The Woodland Shrines။ Abhinav Publications။ p. 82။ ISBN 9788170172819။
- ↑ Gadaladeniya – The temple of many names။ tourslanka.com။ 2 November 2016 တွင် ပြန်စစ်ပြီး။