မာတိကာသို့ ခုန်သွားရန်

ဂဏန်းတွက်စက်

ဝီကီပီးဒီးယား မှ
ဂဏန်းတွက်စက်

ဂဏန်းတွက်စက် (Calculator)သည် အပေါင်း၊ အနှုတ်၊ အမြောက်၊ အစား နှင့် အခြား logical operation များကို လုပ်ဆောင်နိုင်သော စက်တစ်လုံးဖြစ်သည်။


ပရိုဂရမ်ရေးသွင်းနိုင်သော calculator တစ်လုံးသည် ပရိုဂရမ်နှင့်အညီလိုက်၍ သင်္ချာ operation များကို အစီအစဉ်တကျ ဆောင်ရွက်ပေးသည်။ အပေါက်များဖောက်ထားသည့် ကတ်(punched card) များဖြင့် အလုပ်လုပ်သည့်စောစောပိုင်း calculator များသည်ပင်လျှင် ရိုးရိုးပရိုဂရမ်များအတိုင်း လိုက်နာဆောင်ရွက်ပေးနိုင်သည်။ သို့သော်လည်း ၎င်းတို့၏ ကိုယ်ပိုင်ပရိုဂရမ်များကို ပြောင်းလဲနိုင်စွမ်းမရှိကြသလို ပရိုဂရမ်တစ်ခုကို ထပ်ကျော့ခြင်း (Looping) ၊ အဆင့်ကျော်လုပ်ဆောင်နိုင်ခြင်း မပြုနိုင်ကြပေ။ ပရိုဂရမ်များစွာတွင် တွက်ချက်မှုများပြုလုပ်ရန် သင်္ချာတွက်စက်တစ်ခုပါရှိသည်။ ယင်း သင်္ချာတွက်စက်သည် လက်ကိုင်သင်္ချာ တွက်စက်နည်းတူ လုပ်ဆောင်ပေးသည်။ ခလုတ်များကိုနှိပ်ရန် ခလုတ်ခုံနှင့် mouse တို့ကို အသုံးပြုရခြင်းသာ ကွာခြားသည်။

စတင်တီထွင်ခြင်း

[ပြင်ဆင်ရန်]

လူများ လွယ်လွယ်ကူကူ တွက်ချက်နိုင်ရန် ပထမဆုံးတီထွင်လိုက်သော ဂဏန်းတွက်စက်မှာ ပေသီးဂဏန်းတွက်စက် ဖြစ်သည်။ ကြိုးလုံးများနှင့် ပုတီးစေ့များကို သီထားပြီး နေရာရွှေ့ပြီး ကိန်းဂဏန်းများကို တွက်ချက်ရသည်။ ဘီစီ ၃၀၀ဝ လောက်တွင် ဘေဘီလုံ နိုင်ငံသားများ စတင်တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဂဏန်းတွက်စက်ကို စတင်တီထွင်ခဲ့သူမှာ ဘလိုင်းဆီး ပက်စကယ် ဆိုသူ ပြင်သစ်သိပ္ပံပညာရှင် ဖြစ်သည်။ ထိုစက်ကို သူ အသက် ၁၉-နှစ်အရွယ်တွင် တီထွင်ခဲ့ခြင်း ဖြစ်သည်။ ထိုစက်သည် ကိန်းဂဏန်းများကို အလိုအလျှောက် ပေါင်းနိုင်၊ မြှောက်နိုင်သည်။ စက်ထဲတွင် ဘီးကလေးများ ပါသော ကိန်းဂဏန်းများကို စီစဉ်ထည့်ထားခြင်း ဖြစ်သည်။ ပထမဆုံး ကိန်းဂဏန်းများကို မြှောက်နိုင်၊ စားနိုင်သော ဂဏန်းတွက်စက်ကို တီထွင်သူမှာ ဂျာမန်သိပ္ပံပညာရှင် ဂေါ့ဒ်ဖရိုင်း လိုင်းဘနစ်ထ်ဇ် ဆိုသူ ဖြစ်သည်။ ၁၆၉၄-ခုနှစ်တွင် တီထွင်ခဲ့ခြင်း ဖြစ်သည်။ []


ကူးသန်းရောင်းဝယ်ရေး၌ဖြစ်စေ၊ စာရင်းအင်းကို များစွာ အားထား၍ အလုပ်လုပ်ရသောဌာနများ၌ ဖြစ်စေ စာရင်းများ တိကျမှန်ကန်ဖို့မှာ အလွန်အရေးကြီးသည်။ စာရင်းအင်းများ လုပ်ရာ၌ လူများသည် အပေါင်းအနုတ် အမြှောက်အစား တွက်များကို စိတ်ဖြင့်၎င်း၊ ရေးချ၍၎င်း တွက်ကြရသောကြောင့် မိမိတို့၏ဦးနှောက်ကို များစွာအလုပ်ပေးသည့်ပြင် အချိန်လည်း များစွာ ကုန်သဖြင့် လူမပင်ပန်းဘဲ အချိန်ကုန်သက်သာမည့် နည်းလမ်းကို ကြံစည်ခဲ့ကြသည်။

ပထမဆုံး ကြံစည်သည့်နည်းမှာ အက်ဗကပ်ခေါ် ပေသီး တွက်ခုံဖြင့် ဂဏန်းတွက်ယူသောနည်းဖြစ်၏။ အက်ဗကပ်ကို နှစ်ပေါင်း ၅ဝဝဝ လောက်က ယူဖရေးတီးနှင့်တိုင်းဂရစ် မြစ်ဝှမ်း၌ စတင်အသုံးပြုခဲ့သည်။ ပေသီးတွက်ခုံတွင် ပေသီး ဟုခေါ်သော အလုံးကလေးများကို အပေါက်ဖောက်၍ တုတ်တံ ဖြင့်သီထားသည်။ ထိုတွက်ခုံမျိုးကို ယနေ့ထက်တိုင် တရုတ်၊ ဂျပန်၊ ရုရှနှင့်အိန္ဒိယနိုင်ငံများ၌ အသုံးပြုလျက်ရှိကြသေးသည်။ ပေသီးတွက်ခုံကို ဆယ်လီစနစ်အရ စီစဉ်ထားသည်ဖြစ်၍ ကုန် ပစ္စည်းများ၏တန်ဖိုးကို တွက်ရန်ရှိသောအခါ ဆယ်လီစနစ်ကို မလိုက်သော ကျပ်၊ ပဲ၊ ပိုင်ကဲ့သို့သော ငွေကြေးမျိုးဖြင့် တွက်ရ လျှင် ယင်းကို တစ်ကျပ်လျှင်ဆယ်မူး၊ တစ်မူးလျှင် ဆယ်ပြား စနစ်မျိုးသို့ ပြောင်းပြီးမှ တွက်နိုင်သည်။ ထိုကဲ့သို့ ကျပ်၊ ပဲ၊ ပိုင် မှ ကျပ်၊ မူး၊ ပြား သို့ပြောင်းသော ပုံသေအပြောင်း လင်္ကာကလေးများကို စာရင်းတွက်သူက ကောင်းစွာ ကျက်မှတ် ထား၍ ကျင်လည်စွာအသုံးပြုနိုင်မှ ပေသီးခုံကို သုံးရကျိုးနပ် သည်။

သို့သော် စက်ကိရိယာဖြင့်ပြုလုပ်ထားသည့် ဂဏန်းတွက် စက်မျိုးကို ခရစ် ၁၆၄၂ ခုနှစ်တွင် ဗလဲပါစကယ်ဆိုသူ ပြင်သစ်လူမျိုးတစ်ဦးက တီထွင်ခဲ့သည်။ အင်္ဂလိပ်လူမျိုး စီ၊ အိပ်၊ တောမတ်နှင့် ချားဗက်ဗစ်ဆိုသူတို့က ထိုဂဏန်းတွက်စက် ကို ပြုပြင်ပြီးလျှင် တိုးချဲ့လုပ်ကိုင်ခဲ့ကြပြန်သည်။ ဂဏန်းတွက် စက်ကို ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အတွက်အချက်များ၌ အကျိုးရှိ၍ တွင်ကျယ်အောင် အသုံးချနိုင်စေရန် ပြုပြင်ပေးခဲ့ သူမှာကား အမေရိကန်လူမျိုး ဝီလျံ ဆီးဝပ်ဗာရိုဆိုသူဖြစ်သည်။ ယခုအခါ အသုံးပြုလျက်ရှိကြသော ဂဏန်းတွက်စက်များသည် ဗာရို၏မူကို အခြေတည်၍ လုပ်ကိုင်ထားသော စက်များ ဖြစ် သည်။

ဂဏန်းသင်္ချာတွင် အမြှောက်နှင့်အစားမှာ ထပ်ကာ ထပ်ကာ ပေါင်းခြင်း၊ နုတ်ခြင်းများပင်ဖြစ်ရာ ဂဏန်းတွက်စက်ကိုလည်း အပေါင်းအနုတ်သဘောကို အခြေခံလျက် စီမံထားသည်ဖြစ်၍ မော်တော်ကားများ၌ပါလာသော စပီဒိုမီတာခေါ် အမြန်တိုင်း ကိရိယာနှင့် တစ်သဘောတည်းဖြစ်သည်။ စပီဒိုမီတာတွင် ချပ်ပြားဝိုင်းကလေးများကို စီစဉ်ထားရာ ချပ်ပြားဝိုင်း များ၏ အနားစွန်း၌ ဝ မှ ၉ အထိ ဂဏန်းများကို အစဉ်အလိုက် ရေး မှတ်ထားသည်။ မော်တော်ကားသည် ခရီးတစ်မိုင်ရောက်တိုင်း စပီဒိုမီတာပေါ်တွင် ခုဂဏန်းနေရာ၌ ဂဏန်းသစ်တစ်ခုလည်၍ ပေါ်လာသည်။ ယင်းကဲ့သို့ ခုဂဏန်းနေရာ၌ ဂဏန်းဆယ်လုံး သည် တစ်လုံးပြီး တစ်လုံးလည်၍ ပေါ်လာပြီးသောအခါ ဆယ် ဂဏန်းနေရာ၌ ဂဏန်းသစ်တစ်ခုလည်း ပေါ်လာသည်။ ဤ နည်းဖြင့် စပီဒိုမီတာသည် မော်တော်ကား သွားခဲ့သောခရီးကို မိုင်ပေါင်း ရာထောင်သောင်းအထိ မှတ်သားဖော်ပြသည်။


ဂဏန်းတွက်စက်များ၏သဘောမှာလည်း ဤအတိုင်းပင် ဖြစ်သည်။ သို့သော် ထိုစက်ကြီးမျိုး၌ တစ်ကြိမ်လျှင် ခုကိန်း တစ်ခုတည်းကိုသာမဟုတ်ဘဲ ဆယ်ကိန်း၊ရာကိန်း၊ ထောင် ကိန်းများကိုပါ တစ်ပါတည်း ပေါင်းနိုင်နုတ်နိုင်အောင် ရှုပ် ထွေးလှသော ဘီးအစီအစဉ်နှင့်မောင်းအစီအစဉ်များဖြင့် တပ် ဆင်ပြုလုပ်ထားလေသည်။


အချို့ဂဏန်းတွက်စက်မျိုးတွင် ချပ်ပြားဝိုင်းများကို သုံးကြ၍ အချို့တွင် ဒလိမ့်တုံးများကိုသုံးကြသော်လည်း မူရင်းသဘောမှာကား အတူတူဖြစ်သည်။ လက်နှိပ်စက်ဖြင့် စာမူတစ်ခုကို ကူးရိုက်ဘိသကဲ့သို့ ဆိုင်ရာဂဏန်းများကို လက်ဖြင့် မှန်ကန်စွာရိုက်နှိပ်သွား၍ မောင်းကိုနှိပ်လိုက်လျှင် အလိုရှိသောအဖြေသည်စာရွက်ပေါ်၌ ရိုက်နှိပ်ပြီးသား ထွက်လာသည်။ ယခုခေတ်လျှပ်စစ်ဓာတ်သုံး ဂဏန်းတွက် စက်များသည် စာရင်းကိုင်ပညာဆိုင်ရာ အချက်မျိုးများကို တွက်ပေးနိုင်သည်။ ပုံသေတွက်ကိန်းတစ်ခုကို ဂဏန်းတန် ဖိုးအမျိုးမျိုးနှင့်ရေလဲဖြင့်သုံး၍ တွက်ပေးနိုင်သောဂဏန်း တွက်စက်များကိုလည်း တီထွင်ကြပြီး ဖြစ်သည်။ ဆလိုက်ရူးခေါ် သင်္ချာလျှောတံသည်လည်း ဂဏန်းတွက်စက် တစ်မျိုးပင်ဖြစ်သည်။


ထိုကိရိယာတွင် စကေး အမှတ်အသားများပါရှိသော မျဉ်းတံနှစ်ချောင်းပါ၍ တစ်ချောင်း က အခြားတစ်ချောင်း နှင့်ဘေးချင်းကပ်လျက် ရွေ့ရှား နေနိုင်သည်။ စကေးအမှတ်အသားများမှာ ၁၊ ၂၊ ၃ တို့ကဲ့သို့ ရိုးရိုးစဉ်တိုက်ကိန်းများနှင့် အချိုးကျကျ ပြုလုပ်ထားခြင်း မဟုတ်ဘဲ ယင်းတို့၏လောဂရစ်သမ်များနှင့် အချိုးကျကျ ပြုလုပ်ထားသဖြင့် ဆလိုက်ရူးဖြင့် အမြှောက်အစားများကို လွယ်ကူစွာတွက်ပေးနိုင်သည်။ ယခုခေတ် ဆလိုက်ရူး များပေါ်၌ နှစ်ထပ်ကိန်း၊ နှစ်ထပ်ကိန်းရင်းများနှင့် တြီဂိုနိုမေတြီ အချိုးများကိုပါ အသင့်ဖတ်ယူရရှိနိုင်အောင် ပြည့်စုံစွာ စီမံထားရာ ဂဏန်း တွက်ချက်မှု၌ များစွာအရာရောက်လှပေသည်။ []


အခြားကြည့်ရန်။ စာရင်းတွက်စက်

ကိုးကား

[ပြင်ဆင်ရန်]
  1. ၂၀၀၄-ခု၊ အောက်တိုဘာလထုတ် (စာပေလောက) ခင်မောင်ဇော်၏ တီထွင်မှုများ စာအုပ်မှ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)