ခြေစိမ်းငှက်

ဝီကီပီးဒီးယား မှ
ခြေစိမ်း
Summer plumage, Standlake, Oxfordshire
Winter plumage, Laem Phak Bia, Thailand
Song and calls, recorded in west Sutherland, Scotland
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Charadriiformes
မျိုးရင်း: Scolopacidae
မျိုးစု: Tringa
မျိုးစိတ်:
T. nebularia
ဒွိနာမ
Tringa nebularia
(Gunnerus, 1767)
Range of T. nebularia     Breeding      Non-breeding      Passage      Vagrant (seasonality uncertain)
Synonyms
  • Scolopax glottis Linnaeus, 1758
  • Tringa littorea Linnaeus, 1758

ခြေစိမ်းငှက် (Tringa nebularia) သည် ဗြိတိသျှကျွန်းစုတွင် ပေါက်ပွား၍ အာဖရိကတိုက်၊အာရှတိုက်နှင့် နယူးဇီလန်အပါအဝင် ဩစတြေးလျတိုက်အထိ ပျံ့နှံ့စွာနေသည်။ မြန်မာနိုင်ငံသို့ ဆောင်းဥတုတွင်သာ လာရောက်ကျက်စားသော ငှက်ဧည့်သည် တစ်မျိုး ဖြစ်သည်။ ခြေထောက်များ စိမ်းနေသည်ကို အစွဲပြု၍ ဤငှက်ကို ခြေစိမ်းငှက်ဟု ခေါ်သည်။

အလျား ၁၄ လက်မခန့် ရှိသည်။ ပျံသန်းသောအခါ ဖြူးဖွေးသောဖင်ပိုင်းနှင့် အမြီးကို ကောင်းစွာ မြင်နိုင်သည်။ ခြေစိမ်းငှက်သည် မြစ်ကမ်းပါးနှင့် ရေအိုင်များ၊ ပင်လယ် ကမ်းစပ် လဟာပြင်များတွင် တစ်ကောင်တည်း ကျက်စား တတ်သည်။ ရေပိုးရေမွှားများ၊ ငါးကလေးများကို ရှာဖွေ စားတတ်သည်။ ပျံခါနီးတွင် သာယာငြိမ့်ငြောင်းစွာ လေချွန် သကဲ့သို့ မြည်တတ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. BirdLife International (2012). "Tringa nebularia". IUCN Red List of Threatened Species 2012. IUCN. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)