ခြင်ရုပ်ပင်

ဝီကီပီးဒီးယား မှ

ခြင်ရုပ်ပင်သည် လွင်ပြင်နှင့် တောင်ကုန်းဒေသများတွင် ပေါက်လေ့ရှိသည့် သစ်ပင်တစ်မျိုး ဖြစ်သည်။ အမြင့်သည် ပေ ၇ဝ မှ ၈ဝ အထိရှိ၏။ သစ်သားအတော်အသင့်မာသည်။ အရောင်မှာ နီသည်။ သစ်ကြောညီသည်။ ထိုသစ်သား ၁ ကုဗ ပေသည် ပေါင် ၄ဝ လေးသည်။

ခြင်ရုပ်ပင်မှ ပျဉ်ကို ကြမ်းခင်းနိုင်၏။ သေတ္တာ၊ စည်ပိုင်းစသည်တို့လည်း လုပ်နိုင်သည်။ ထို့ပြင် လှေစပ်ရာတွင်လည်း သုံးနိုင်သည်။ သစ်ခေါက်ကို သားရေနယ်ရန် ဖန်ရည်လုပ်ရာ၌ တစ်ခါတစ်ရံ သုံးလေသည်။ သစ်ရည်နှင့် အစေးကို ပန်းနာ ရောဂါအတွက် ဆေးအဖြစ် သုံးလေ့ရှိသည်။ အသီးကို အစိမ်းစားနိုင်သည်။ ထို့ပြင် ချဉ်ဖတ်ထည့်၍ လည်း စားသုံးကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)