ချား ဂါဗစ်

ဝီကီပီးဒီးယား မှ
ချား ဂါဗစ်
ကိုယ်တစ်ပိုင်းပုံ
အမည်ရင်းCharles Andrew Garvice
မွေးဖွား(1850-08-24)၂၄ ဩဂုတ်၊ ၁၈၅၀
လန်ဒန်
ကွယ်လွန်၁ မတ်၊ ၁၉၂၀(1920-03-01) (အသက် ၆၉)
ကလောင်အမည်ချား ဂါဗစ် (Charles Garvice)
ကာရိုလိုင်း ဟာ့ (Caroline Hart)
ချက် ဂါဗစ် (Chas. Garvice)
ချား ဂစ်ဘဆန် (Charles Gibson)
အလုပ်အကိုင်စာရေးဆရာ
ဘာသာစကားအင်္ဂလိပ်
နိုင်ငံလူမျိုးဗြိတိန်
ကာလ၁၈၇၅−၁၉၁၉
စာပေအမျိုးအစားစိတ်ကူးယဉ် အချစ်ဝတ္ထု
အိမ်ထောင်ဖက်အဲလိဇဘတ် ဂျုံး
သားသမီး

ချား ဂါဗစ် (အင်္ဂလိပ်: Charles Garvice ၊ ၁၈၅၀ ခု၊ ဩဂုတ်လ ၂၄ − ၁၉၂၀ ခု၊ မတ်လ ၁) သည် နာမည်ကြီး ဗြိတိန် စာရေးဆရာဖြစ်ပြီး အချစ်ဝတ္ထု (၁၅၀) ကျော် ရေးခဲ့သည်။ ၁၉၁၃ မှ စ၍ သူ၏ဝတ္ထု အုပ်ရေ (၁.၇၅) သန်းကျော်ကို ကမ္ဘာအနှံ့ နှစ်စဉ် ပို့ရရာ ထိုအရှိန်ကို သေဆုံးချိန်အထိ ထိန်းထားနိုင်ခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ချား အန်ဒရူး ဂါဗစ် (Charles Andrew Garvice) ကို အုတ်စီသမား အန်ဒရူး ဂျွန် ဂါဗစ် (Andrew John Garvice) နှင့် မီရာ ဝင်းတား (Mira Winter) တို့မှ လန်ဒန်၌ မွေးသည်။

စာပေ လှုပ်ရှားမှု[ပြင်ဆင်ရန်]

ဂျာနယ်လစ်အဖြစ် စသည်။ ပထမဆုံး ဝတ္ထု မောရစ် ဒူးရန် (Maurice Durant) ကို ၁၈၇၅ ခုတွင် ထုတ်ဝေသည်။ အခန်းဆက်ထည့်စဉ်က လူကြိုက်သော်လည်း ဝတ္ထုဖြစ်လာသော် ထင်သလောက် မပေါက်။ မိန်းကလေးပါ (Just a Girl) ဝတ္ထုမှာ အမေရိကန်၌ လူကြိုက်များရာမှ အင်္ဂလန်တွင်လည်း သူ့အား လူသတိထားမိသွားသည်။ ၁၉၁၆ ခုတွင် ထိုဝတ္ထုကို ရုပ်ရှင် ရိုက်သည်။

"သူ့ကို ချစ်သတဲ့" မျက်နှာဖုံး
"ဥသျှောင်" မျက်နှာဖုံး

ငွေကြေး ပြည့်စုံလာရာ ၁၉၀၄ ခုတွင် ဒီဗွန် (Devon) တွင် လယ်မြေ ဝယ်သည်။ သူ၏ ဝတ္ထုများအတိုင်း နယ်သူဌေးကြီးအဖြစ် အရိုးထုတ်ချင်၍ ဖြစ်သည်။ ထိုအကြောင်းကို အနှစ်ပြည့်မြေမှ လယ်တစ်ကွက် (A Farm in Creamland) တွင် ထည့်ရေးဖူးသည်။

ဝတ္ထုအများစုမှာ ရိုးရိုးစင်းစင်း အချစ်ဝတ္ထုများ ဖြစ်သည်။ တစ်နှစ် (၁၂) အုပ်ထက်မနည်း ထွက်သည်။ အမေရိကန်၌ လူကြိုက်များပြီး (၂၅) အုပ်ကို ကာရိုလိုင်းဟာ့ ကလောင်ဖြင့် ရေးခဲ့သည်။

"ကိုယ့်ရဲ့သခင်" မျက်နှာဖုံး
"ကြမ္မာဆက်လေသော်" မျက်နှာဖုံး


ရေးသားသော စာအုပ်များ[ပြင်ဆင်ရန်]

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
မောရစ် ဒူးရန် (Maurice Durant) ၁၈၇၅
အပြုံးနဲ့ မျက်ရည်ကြား (Twixt Smile and Tear) ၁၈၈၇
ပြန်ပေးခ (Her Ransom) ၁၈၉၈
ကလယ်ရာ (Claire) ၁၈၉၀
လော်ရီ (Lorrie; or Hollow Gold) ၁၈၉၈
နှလုံးသား စေရာ (Her Heart's Desire) ၁၈၉၇
လက်စလေ့ သစ္စာ (Leslie's Loyalty; or His Love So True) ၁၈??
သူ့ကို ချစ်သတဲ့ (She Loved Him) ၁၈၉၅ ကာရိုလိုင်းဟာ့ ကလောင်ဖြင့်
ဥသျှောင် (The Marquis) ၁၈၉၅
မိန်းကလေးပါ (Just a Girl; or The Strange Duchess) ၁၈၉၅ အမေရိကန်၌ ရီဂီနာရုံးမှ မိန်းမငယ် (The Mistress of Court Regina) ခေါင်းစဉ်ဖြင့် ထုတ်
၁၈၉၈ အမေရိကန်၌ အပြစ်မဲ့ မိန်းကလေး (The Innocent Girl) အမည်ဖြင့် ပြန်ထုတ်

မိသားစုဘဝ[ပြင်ဆင်ရန်]

၁၈၇၂ ခုတွင် အဲလိဇဘတ် ဂျုံး (Elizabeth Jones) နှင့် လက်ထပ်ရာ သား (၂) ယောက်၊ သမီး (၆) ယောက် ပွားသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၂၀ ခု၊ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဦးနှောက် သွေးယိုကာ ရှစ်ရက်ကြာ အသိလွတ် မေ့ပြီး မတ်လ ၁ ရက်တွင် သေလေသည်။ ရစ်မွန် သင်္ချိုင်း၌ မြုပ်နှံထားသည်။

ကိုးကား[ပြင်ဆင်ရန်]