မာတိကာသို့ ခုန်သွားရန်

ချာဂါ့စ် ရောဂါ

ဝီကီပီးဒီးယား မှ
ချာဂါ့စ် ရောဂါ
အထူးပြုကူးစက်ရောဂါ, ကပ်ပါးဗေဒ Edit this on Wikidata

ချာဂါ့စ် ရောဂါ (/ˈɑːɡəs/, သို့မဟုတ် အမေရိကန် ထရိုင်ပါနိုစိုမီအဲစစ် American trypanosomiasis) သည် အပူပိုင်းဒေသ တွင်ဖြစ်သော ရောဂါတစ်မျိုးဖြစ်ပြီး ကပ်ပါးပိုးတစ်မျိုးကြောင့် ဖြစ်သောရောဂါ parasitic disease ဖြစ်သည်။ အများအားဖြင့် ထရိုင်ပါစိုမာ ကရူစီ (Trypanosoma cruzi) ဟုခေါ်သော ပရိုတိုဇိုအာ ကြောင့် ဖြစ်ရသည်။ [] ကစ်စင်းဘာဂ်စ်kissing bugs ခေါ် ကပ်ပါးပိုးကောင်များကြောင့် ရောဂါပြန့်ပွားမှုအများဆုံးဖြစ်ရသည်။ []

ရောဂါလက္ခဏာများသည် ကူးစက်မှု အနုအရင့် အလျောက် ပြောင်းလဲသည်။ ကနဦးအဆင့်တွင်၊ လက္ခဏာအသွင်အပြင်မပြသခြင်း သို့မဟုတ် အနည်းအကျဉ်းသာပြသခြင်းများ ရှိတတ်ပြီး အဖျား ရှိခြင်း၊ လင့်ဖ်နို့ဒ်များ (lymph nodes) ပွယောင်ခြင်းများ ပါဝင်နိုင်သည်။ ခေါင်းကိုက်ခြင်းများ သို့မဟုတ် အကိုက်ခံရသည့်နေရာ အနီးဝန်းကျင်တွင် ယောင်ခြင်းများဖြစ်တတ်သည်။ [] ရှစ်ပတ်မှ ၁၂ပတ်အကြာခန့်တွင် ရောဂါ ရင့်ကျက်၍ နာတာရှည် အချိန်အပိုင်းသို့ ရောက်ရှိကာ ၆၀% မှ ၇၀%ခန့်တွင် နောက်ထပ်အသွင်အပြင်လက္ခဏာ မပြတော့ချေ။ [][] ၃၀% မှ ၄၀% သောသူများတွင် စတင်ကူးစက်ပြီးနောက် ဆယ်နှစ်မှ အနှစ် ၃၀ အတွင်းတွင် ထပ်ဆင့် အသွင်အပြင်လက္ခဏာများပြလာသည်။[] ၂၀% မှ ၃၀% ခန့်တွင် ယင်းတွင် နှလုံး၏ ဗင်ထရစ်ကဲလ် ventricles of the heart(နှလုံး၏အိမ်ကြီးများ ကြီးထွားလာမှု ဖြစ်ပြီး ယင်းသည် heart failure နှလုံး(သွေး လည်ပတ်မှုနည်း)ရောဂါဖြစ်စေတတ်သည်။[] အစာမြိုပြွန် ကြီးထွားခြင်းနှင့် သို့မဟုတ် အူမကြီး ကြီးထွားလာခြင်းတို့သည် လူဦးရေ၏ တစ်ဆယ် ရာခိုင်နှုန်းခန့်တွင် ဖြစ်ပွားနိုင်သည်။[]

ဖြစ်ပေါ်ရခြင်းအကြောင်းရင်းနှင့် ရောဂါ ပိုင်းခြားသတ်မှတ်ခြင်း

[ပြင်ဆင်ရန်]

T. cruziသည် အများအားဖြင့် လူသားနှင့် အခြားနို့တိုက်သတ္တဝါများသို့ ထရိုင်တိုမီနဲ Triatominae မိသားစုဝင်ဖြစ်သော သွေးစုပ်သော blood-suckingကစ်စင်းဘတ်ဂ် (ခြင်မှက်ကောင်) များ မှနေ၍အများအားဖြင့် ကူးစက်ပြန့်ပွားသည်။[]

ဤ ပိုးကောင်းများကို ဒေသအလိုက် အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြသည်။ အာဂျင်တီးနားဘိုလီဗီယားချီလီပါရာဂွေး တို့တွင် vinchuca ဘရာဇီးတွင်barbeiro ဟုခေါ်သည်။ ကိုလံဘီယာတွင် ပီတို အလယ်ပိုင်းအမေရိကတွင် ချင်ချီ နှင့် ဗယ်နီဇွေးလားတွင် ချီပို စသည်တို့အပါအဝင် အသီးသီးခေါ်ဝေါ်ကြသည်။ သွေး ထုတ်သွင်းခြင်း၊ ခန္ဓာကိုယ်တွင်း အင်္ဂါ အစားထိုးကုသခြင်း၊ ကပ်ပါးပိုးများဖြင့် ညစ်ညမ်းနေသောအစာများ စားမိခြင်း နှင့် မိခင်မှ သန္ဓေသားသို့အသီးသီးကူးစက်နိုင်သည်။ [] Diagnosis of early disease is by finding the parasite in the blood using a microscope.[] ရောဂါကို စောစီးစွာ ရှာဖွေသိရှိနိုင်မည့်နည်းမှာ သွေးကို အဏုကြည့်မှန်ပြောင်းဖြင့် ကပ်ပါးပိုးကို ရှာဖွေခြင်းဖြင့်သည်။ သွေးထဲတွင် T.cruzi အင်တီဘော်ဒီများတွေ့ရှိခြင်းဖြင့် ရင့်ကျက်ရောဂါကို ခွဲခြားသိရှိနိုင်သည်။[]

ကြိုတင်ကာကွယ်ခြင်းနှင့် ကုသမှု

[ပြင်ဆင်ရန်]

အဓိက ကြိုတင်ကာကွယ်ခြင်းတွင် ကစ်စင်းဘာဂ်ကို သုတ်သင်ဖယ်ရှားခြင်းနှင့် ယင်းတို့၏အကိုက်မခံရစေခြင်းတို့ပါဝင်သည်။ [] အခြားကြိုတင်ကာကွယ်မှုများတွင် သွေးသွင်းရာတွင် သုံးမည့် သွေးကို ပိုက်စိတ်တိုက်စစ်ဆေးခြင်းတို့ပါဝင်သည်။[] ၂၀၁၃ ခုနှစ်အထိ ဤရောဂါအတွက် ထိုးဆေးမပေါ်သေးပေ။[] ရောဂါ၏ကနဦးအဆင့်တွင်benznidazole သို့မဟုတ် nifurtimox တို့ဖြင့် ကုသနိုင်သည်။[] ဆေးအလျင်မီလျှင် အမြဲတမ်းလိုလို ပျောက်ကင်းတတ်သော်လည်း ချာဂါးစ် ရောဂါရင့်လာသည်နှင့်အညီ ထိရောက်မှု ပိုနည်းလာသည်။[] ရောဂါ ရင့်ကျက်သည့် အခြေအနေတွင်သုံးလျှင်မူ ယင်းသည် နောက်ဆုံးအခြေအနေ လက္ခဏာများသို့ မတိုးမြင့်မရောက်ရှိစေရန် တားပေးသည် သို့ မဟုတ် ကာကွယ်ပေးသည်။[] Benznidazole နှင့် nifurtimox တို့သည်လူဦးရေ ၄၀ ရာနှုန်းခန့်တွင်ယာယီ ဘေးအာနိသင်များ ဖြစ်စေတတ်သည်။ [] အသားအရေ ပုံမှန်မဟုတ်မှုများ၊ ဦးနှောက်အဆိပ်တက်ခြင်းများ (brain toxicity )အစာအိမ်တွင်း အနေရခက်ခြင်းများဖြစ်စေတတ်သည်။[][][]

ရောဂါ ဖြစ်ပွား ပြန့်ပွားပုံ

[ပြင်ဆင်ရန်]

ချာဂါးစ် ရောဂါဖြစ်နေသူ လူဦးရေ ၇ သန်းမှ ၈ သန်း ခန့်အထိ ရှိသည်ဟု ခန့်မှန်းရပြီး အများစုသည် မက္ကဆီကိုဗဟိုအမေရိက နှင့် တောင်အမေရိကတို့တွင် ဖြစ်သည်။[] ၂၀၀၆ ခုနှစ်အထိ တစ်နှစ်လျှင် ဤရောဂါကြောင့် သေဆုံးရမှု (၁၂၅၀၀)မှုခန့်ရှိသည်။[]ဤရောဂါဖြစ်သူ အများစုသည် ဆင်းရဲနွမ်းပါးသူများဖြစ်ပြီး ထိုသူများအနက် အများစုသည် မိမိဤရောဂါဖိစီးနေသည်ကို သတိပင်မထားမိ၊ မသိရှိကြပေ။[][]လူဦးရေ အပြုံလိုက် ပြောင်းလဲ နေထိုင်မှုများကြောင့် ချာဂါးစ်ရောဂါ ဖြစ်ပွားမှု နေရာဒေသများ ပိုမိုကျယ်ပြန့်လာပြီး ယခုအခါ ဥရောပနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုအထိပါ တိုးပွားလာခဲ့သည်။[]ဤနိုင်ငံဒေသများတွင် ၂၀၁၄ ခုနှစ်မတိုင်မီ နှစ်များတွင် ယင်းသို့ တိုးပွားလာခဲ့သည်ကို တွေ့ရသည်။ []ဤရောဂါကို ပထမဆုံးအဖြစ် ၁၉၀၉ ခုနှစ်တွင် ကားလို့စ်ချဂါ့စ် Carlos Chagasဆိုသူမှ စတင်ဖော်ပြခဲ့ပြီး သူ၏အမည်ကို လိုက်၍ ရောဂါကို မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ [] ဤရောဂါသည် အခြားသတ္တဝါ အမျိုးပေါင်း ၁၅၀ ခန့်တွင်လည်း ဖြစ်ပွားသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 Chagas disease (American trypanosomiasis) Fact sheet N°340 World Health Organization (March 2013)။ 23 February 2014 တွင် ပြန်စစ်ပြီး။
  2. 1 2 3 4 5 Rassi A, Rassi A, Marin-Neto JA (April 2010). "Chagas disease". Lancet 375 (9723): 1388–402. doi:10.1016/S0140-6736(10)60061-X. PMID 20399979.
  3. 1 2 3 4 Rassi A, Jr (June 2012). "American trypanosomiasis (Chagas disease).". Infectious disease clinics of North America 26 (2): 275–91. doi:10.1016/j.idc.2012.03.002. PMID 22632639.
  4. [http://www.cdc.gov/dpdx/trypanosomiasisAmerican/ DPDx – Trypanosomiasis, American. Fact Sheet]။ Centers for Disease Control (CDC)။ 12 May 2010 တွင် ပြန်စစ်ပြီး။
  5. Bern C, Montgomery SP, Herwaldt BL, et al. (November 2007). "[https://archive.org/details/jama_2007-11-14_298_18/page/2171 Evaluation and treatment of chagas disease in the United States: a systematic review]". JAMA 298 (18): 2171–81. doi:10.1001/jama.298.18.2171. PMID 18000201.
  6. Rassi A, Dias JC, Marin-Neto JA, Rassi A (April 2009). "[http://heart.bmj.com/cgi/pmidlookup?view=long&pmid=19131444 Challenges and opportunities for primary, secondary, and tertiary prevention of Chagas' disease]". Heart 95 (7): 524–34. doi:10.1136/hrt.2008.159624. PMID 19131444.
  7. {{cite book|editor-last=Capinera|editor-first=John L.|title=Encyclopedia of entomology|year=2008| publisher=Springer|location=Dordrecht|isbn=9781402062421|page=824| url=http://books.google.ca/books?id=i9ITMiiohVQC& pg=PA824|edition=2nd ed.}}
  8. Bonney, KM (2014). "[http://www.pubmedcentral.gov/articlerender.fcgi?tool=pmcentrez&artid=3952655 Chagas disease in the 21st Century: a public health success or an emerging threat?]". Parasite 21: 11. doi:10.1051/parasite/2014012. PMID 24626257. open access