နှလုံး

ဝီကီပီးဒီးယား မှ
လူ၏ နှလုံးနှင့် နှလုံးသွေးလွှတ်ကြောများ

နှလုံး သည် ကျောရိုးရှိသတ္တဝါများတွင်ရှိသော ကြွက်သားများရှိသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်ပြီး သွေးများကို သွေးကြောများတွင်းသို့ မောင်းနှင်ပေးရန်အတွက် ဆက်တိုက် အချိန်မှန်မှန် ကျုံ့ခြင်းပွခြင်း တို့ဖြင့် လုပ်ဆောင်ပေးရန် တာဝန်ယူထားသည်။ တီကောင်၊ မျှော့တို့ကဲ့သို့သော သတ္တဝါများ၊ ခရုကဲ့သို့သော သတ္တဝါများ နှင့် လူနှင့်တူသော သတ္တဝါတို့တွင်လည်း ဆင်တူသော ပုံသဏ္ဌန်ရှိသည်။ အင်္ဂလိပ်ဘာသာတွင် cardiac (ဥပမာ cardiology) ဆိုသော စကားလုံးသည် နှလုံးနှင့်သက်ဆိုင်သော ဟု အဓိပ္ပာယ်ရပြီး ဂရိဘာသာ καρδιά, kardia မှဆင်းသက်လာ၍ နှလုံးဟု အဓိပ္ပာယ်ရသည်။

ကျောရိုးရှိသတ္တဝါများ၏ နှလုံးတွင် သူ့အလိုအလျောက် အလုပ်လုပ်သော နှလုံးကြွက်သားများပါရှိပြီး ထိုကြွက်သားများကို ဤကိုယ်အင်္ဂါအစိတ်အပိုင်းတွင်သာ တွေ့ရသည်။ သာမန်လူသားတစ်ယောက်၏ နှလုံးသည် တစ်မိနစ်လျှင် ၇၂ကြိမ်ခုန်ပြီး လူ၏သက်တမ်း ၆၆ နှစ်နှင့်တွက်လျှင် အကြိမ်ရေ ၂.၅ ဘီလီယံတိုင်းခုန်သည်ဟု ခန့်မှန်းရသည်။

ခန္ဓာကိုယ်ဟာ ကားတစ်စီးဆိုရင် နှလုံးဟာ အင်ဂျင်နဲ့တူပါတယ်။ လူတစ်ယောက်အသက်ရှင်ဖို့အတွက်အဓိက မောင်းနှင်ပေးနေတာဟာ နှလုံးဖြစ်တဲ့အတွက်နှလုံးကျန်းမာရေးဟာ အရေးကြီးပါတယ်။ နှလုံးမှာ ကြွက်သားသုံးထပ်ရှိပြီး အခန်း ၄ ခန်းရှိပါတယ်။ လူတစ်ယောက်ရဲ့ ရင်ဘတ်အလယ်ပိုင်းနဲ့ အဆုတ်နဲ့ကြားမှာ တည်ရှိပါတယ်။ ပုံမှန်လူတစ်ယောက်ရဲ့ နှလုံးဟာ လက်သီးဆုပ်အရွယ်ရှိပြီး တစ်မိနစ်ကို အကြိမ် ၆၀ မှ ၁၀၀ ကြားနဲ့ တနေ့ကို အကြိမ်ပေါင်း ၁၀၀၀၀ လောက်ခုန်ပါတယ်။ နှလုံးရဲ့အဓိကတာဝန်ကို နှလုံးကြွက်သားတွေက ထမ်းဆောင်ကြပါတယ်။ နှလုံးရဲ့ကြွက်သားတွေက Contraction လို့ခေါ်တဲ့ ညှစ်ထုတ်ခြင်းနဲ့ Relaxation လို့ခေါ်တဲ့ လျော့ချခြင်းတို့ကို စနစ်တကျပြုလုပ်ပေးမှသာ နှလုံးဟာကောင်းစွာအလုပ်လုပ်တာပါ။ ဒါမှပဲ နှလုံးကျန်းမာတယ်လို့ခေါ်နိုင်ပါတယ်