ချယ်ရီပင်

ဝီကီပီးဒီးယား မှ

[၁]ချယ်ရီပင် (Prunus avium)သည် ပန်းပွင့်သော အပင်၊ နှင်းဆီမျိုးရင်းဝင်ဖြစ်၍ ယင်း၏မျိုးစုအမည်မှာ ပရုနပ်ဖြစ်သည်။ ချယ်ရီအချိုမျိုး၊ အချဥ်မျိုးဟူ၍ ၂ မျိုးရှိရာ အချိုမျိုးကို ပရုနပ်အဗီယမ်ဟူ၍လည်းကောင်း အချဥ်မျိုးကို ပရုနပ်စီရာဆပ်ဟူ၍ လည်းကောင်းခေါ်သည်။ မြန်မာနိုင်ငံ အထက်ပိုင်းရှိ တောင်ကုန်းများ၌ အချိုမျိုးဖြစ်သော ပရုနပ်အဗီယမ် ချယ်ရီပင်များကို တွေ့ရတတ်သည်။

Prunus avium
Prunus avium fruit.jpg
Wild cherry foliage and fruit
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Rosales
မျိုးရင်း: Rosaceae
မျိုးဇာတ်: Amygdaleae
မျိုးစု: Prunus
မျိုးစိတ်:
P. avium
ဒွိနာမ
Prunus avium
Prunus avium range.svg
Distribution map
Synonyms[၃]
မြန်မာပြည် အထက်ပိုင်း ပေ ၃၀၀၀ အထက်တွင် တွေ့ရလေ့ရှိသော ချယ်ရီပင်

ဂျပန်နိုင်ငံ၌ ချယ်ရီပန်းများပွင့်သော နွေဦးပေါက်ချိန်တွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပကြသည်။ ကိုရီးယားနိုင်ငံ၌ ချယ်ရီပင်ကို အမြတ်တနိုး စိုက်ပျိုးကြသည်။ အင်္ဂလန်ပြည်၊ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတောင်ပိုင်းတို့၌ ချယ်ရီပင်များပေါက်သည်။

ချယ်ရီသီးမှာ ဆီးသီးနှင့် မက်မုံသီးတို့ကဲ့သို့ မာသော အစေ့ရှိသည့် အသီးမျိုးဖြစ်လေသည်။ ချယ်ရီအချိုသီးမှည့်များကို အသီးမှည့်အတိုင်း စားသုံး ကြသည်။ ချယ်ရီအချဥ်သီးကိုမူ သနပ်၊ အချဥ်ရည် စသည်တို့ ပြုလုပ်ရန် အသုံးချကြသည်။ ချယ်ရီအရည်ကို အရက်ချက်ကြသည်။ ချယ်ရီသားဖြင့် အကောင်းစား အိမ်ထောင် ပစ္စည်းများကို ပြုလုပ်ကြသည်။ ချယ်ရီပင်၏ အခေါက်မှာ ဆေးဘက်ဝင်သည်။

မြန်မာနိုင်ငံတွင် ပေါက်ရောက်သော ချယ်ရီအမျိုးအစားမှာ ဟိမဝန္တာ ချယ်ရီမျိုးရင်း ဖြစ်ပြီး မြန်မာနိုင်ငံအထက်ပိုင်း၌ အထူးသဖြင့် ရှမ်းကုန်းပြင်မြင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ် အနောက်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း နာဂတောင်တန်း နှင့် ကချင်ပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ဘက် တောင်တန်းကြီးများ၌ အလေ့ကျ ပေါက်ရောက်လေ့ရှိသည်။ အပွင့်ရောင်မှာ အပန်းရောင်ဘက် သန်းလေ့ရှိသည်။ နှစ်စဥ် ဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်းမှ မတ်လဆန်း၊ အချို့နေရာ ဒေသများတွင်မူ ဧပြီလဆန်းထိ ဖူးပွင့်ကြသည်။

ယခုအခါတွင်မူ အထူးတလည် ထိန်းသိမ်းစောင့်ရှောက် တန်ဖိုးထားရမည့် ဒေသမျိုးရင်း ချယ်ရီပင်သည် ရှားပါးလာပေသည်။



ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ -၂ (ကျ - ခွံ)၊ အပိုင်း (ခ)၊ စာမျက်နှာ ၃၅၃ မှ ၃၅၄
  2. Rivers, M.C. (2017). "Prunus avium". IUCN Red List of Threatened Species 2017. IUCN. doi:10.2305/IUCN.UK.2017-3.RLTS.T172064A50673544.en. 
  3. The Plant List: A Working List of All Plant Species။ 27 January 2014 တွင် ပြန်စစ်ပြီး။