ချစ်အမျှ (၁၉၇၉ ရုပ်ရှင်)

ဝီကီပီးဒီးယား မှ

ချစ်အမျှ (၁၉၇၉) ရုပ်ရှင်သည်  ၁၉၄၀ ခုနှစ်က ရုံတင်ခဲ့သော  ဒါရိုက်တာမောင်တင်မောင် (အေဝမ်းတင်မောင်) ကိုယ်တိုင်ပါဝင်သရုပ်ဆောင်၍ မေရှင်၊ မေမြင့်၊ မြင့်ဆွေ၊ ဦးဘရှင်၊ ဦးဘိုးသောင်းတို့ဖြင့် ရိုက်ကူခဲ့သည့် ချစ်အမျှဇာတ်ကားကို ဦးသုခက ဒုတိယအကြိမ် ပြန်လည်ဆန်းသစ် ရိုက်ကူးထားခြင်းဖြစ်သည်။ မူရင်းချစ်အမျှဇာတ်ညွှန်းသည် စာရေးဆရာသုခအနေဖြင့် ပထမဆုံးရေးသားခဲ့သော  ဇာတ်ညွှန်းဖြစ်သည်။ ချစ်အမျှ (၁၉၇၉) သည် ဒါရိုက်တာ ဦးသုခ၏ ဒါရိုက်တာအဖြစ်ရိုက်ကူးသော ၃၀ကားမြောက်ဇာတ်ကားလည်းဖြစ်သည်။ ယင်းဇာတ်ကားတွင် ဇော်လင်းခင်ယုမေချိုပြုံးအံ့ကျော်၊ သိုက်စိုးတို့ ပါဝင်သရုပ်ဆောင်ခဲ့သည်။ အဆိုပါရုပ်ရှင်ဇာတ်ကားကို ၁၉၇၉ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့တွင် ရုံတင်ပြသခဲ့သည်။ ၁၉၇၉ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို မင်းသမီးချိုပြုံးက ပထမဆုံးအကြိမ် ရရှိခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

သမိုင်းဖြစ်စဉ်ထဲက ဒါရိုက်တာဦးသုခ၏ ရုပ်ရှင်ကားများ (ဆောင်းပါး)- ကျော်သန်းမြင့် (ဗန်းမော်) အေဝမ်းတင်မောင်  ဦးသုခ