ခုမှ ပေါ်တဲ့ ရွှေကြာပင်

ဝီကီပီးဒီးယား မှ

ခုမှ ပေါ်တဲ့ ရွှေကြာပင် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ယခု ပေါ်ပေါက်လာပါလျက် အလျင်ပေါ်နှင့်သော ကြာပင်များထက် အဦးအမြတ်ထားခြင်းခံရသော ကြာပင်ကဲ့သို့ နောက်မှ ပေါ်လာပါလျက် ဦးစားပေးခြင်းခံရသည်။

အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]

  • နောက်မှ ပေါ်တဲ့ ရွှေကြာပင် ဟူ၍လည်း အသုံးရှိသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "မင်းကြီးညိုလက်ထက်မှာ အင်းဝနေပြည်တော်၏ အောင်လံတော်အောက်မှ ထွက်၍ ခုမှ ပေါ်ထင် ရွှေကြာပင်ဆိုသလို တသီးတခြား တစ်ထီးတစ်နန်း ထူထောင်ခဲ့တယ်။" [၁၂၈၇] ထီး။ ၁၅၉။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃၅