မာတိကာသို့ ခုန်သွားရန်

ခါ့ကန်

ဝီကီပီးဒီးယား မှ
ခါ့ကန်
खास्टे ताल
Khaste lake
Khaste lake
Location of Khaste lake in Nepal.
Location of Khaste lake in Nepal.
ခါ့ကန်
တည်နေရာLekhnath-3,4,6 Kharane Phant
အမျိုးအစားရေကန်
ပင်မ ရေဝင်စီးကြောင်းFrom Neureni lake
ပင်မ ရေထွက်စီးကြောင်းTaal khola (ताल खोला)
ရေစုဝေးရာ နေရာ၂၁ ha (၀.၀၈၁ sq mi)
ရေဝေကြောရှိရာ နိုင်ငံများနီပေါနိုင်ငံ
မျက်နှာပြင် ဧရိယာtotal: ၂၄.၈၀၃၀ ဟက်တာ (၆၁.၂၉၀ ဧက)
water: ၁၃.၇၃၇၀ ဟက်တာ (၃၃.၉၄၅ ဧက)[]
အနီးရှိမြို့များKharane Phant,Rakhi

ခါ့ကန် သည် နီပေါနိုင်ငံ၊ ပိုခါရာမြို့ရှိ ခါရာနီဖန့်တွင် တည်ရှိသည့် သန့်ရှင်းကြည်လင်သည့် ရေကန်တစ်ခု ဖြစ်သည်။ ဤကန်သည် လက်နတ်ရပ်ကွက်အမှတ် ၁၊ ၄၊ ၆ စသည့်ရပ်ကွက်များတွင် တည်ရှိသည်။[]

ကန်သည် စုစုပေါင်းဧရိယာ ၂၄.၈၀၃၀ ဟက်တာ (၆၁.၂၉၀ ဧက) ရှိသည်။ ကန်၏ ရေဧရိယာသည် ၁၃.၇၃၇၀ ဟက်တာ (၃၃.၉၄၅ ဧက) ရှိသည်။ နှစ်အချို့ကြာကတည်းက ကန်ထဲတွင် ငါးဖမ်းမှုများ ပြုလုပ်ခဲ့သည်။ ဤကန်ကို "ငှက်နယ်မြေ" ဟု သိကြပြီး ငှက်များကို ကြည့်ရှုရန် အကောင်းဆုံးဖြစ်သည်။ ကန်တွင် အိန္ဒိယ၊ ဆိုက်ဘေးရီးယားနှင့် အာဖဂန်နစ္စတန်စသည့်နိုင်ငံများမှ ငှက်များသည် အအေးဒဏ်မှ ခိုလှုံကာကွယ်ရန် လာရောက်နေထိုင်ကြသည်။

အဝါရောင်ငှက်တစ်မျိုးဖြစ်သည့် Yellow Bittern ငှက်မျိုးစိတ်သည် နွေရာသီပြောင်းရွှေ့လာပြီး ကန်၏ အနီးအနားတွင် တွေ့မြင်ရသည်။[]

ဤဧရိယာသည် အမျိုးမျိုးသော ပြောင်းရွှေ့ငှက်မျိုးစိတ်များအား သုတေသနပြုလုပ်ရာစင်တာနေရာတစ်ခုလည်း ဖြစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Seven Lakes lekhnath.com။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 August 2021 တွင် ပြန်စစ်ပြီး။
  2. Seven Vanishing Lakes of Lekhnath Ekantipur.com (2 April 2010)။ 27 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 July 2014 တွင် ပြန်စစ်ပြီး။
  3. Yellow Bittern spotted in Kaski (Oct 5, 2015)။ 9 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ Feb 8, 2019 တွင် ပြန်စစ်ပြီး။
  4. Seven Lakes lekhnath.com။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 August 2021 တွင် ပြန်စစ်ပြီး။