ခရီးသွား (သံချိုကဗျာ)

ဝီကီပီးဒီးယား မှ

ခရီးသွား ကဗျာသည် မောင်အာယု ရေးဖွဲ့သော သံချိုကဗျာ အမျိုးအစား ကဗျာတစ်ပုဒ် ဖြစ်သည်။ အဋ္ဌမတန်း မြန်မာကဗျာလက်ရွေးစင် အဖြစ် ပြဋ္ဌာန်းထားသော ကဗျာတစ်ပုဒ်လည်း ဖြစ်သည်။

ခရီးသွား[ပြင်ဆင်ရန်]

မည်းလို့သာမှောင်ရော့
သန်းကောင်ယံ ချိန်အတွင်းမှာလ
တကိုယ်ချင်းထွက်လို့လာ။

ရောင်မှိန်မှိန်ထွန်း ဆီမီးရယ်နဲ့
မှောင်ကြီးကို အနိုင်ဖယ်လို့
မြေလမ်းငယ် သည်တလျှောက်မှာဖြင့်
တယောက်သာ မြတ်စခန်းသို့
လှမ်းလို့မြန်စွာ။

စခန်းတာ မရောက်သေးမီကွဲ့
မထောက်ညှာ စာမတွေးကာပ
လေသွေးရှင် သူဖျက်ဆီးတာမို့
ဆီမီးဖြင့် ငြိမ်းခဲ့ရှာ
ပျောက်ပါပေါ့ ခရီးဆုံး။

တော်ပေးသေးရဲ့လေ
လမ်းတာ လှမ်းကာမဝေးပြီဘု
ရှေ့ပြေး အရုဏ်ခြည်ဖြင့်
မှုန်ရီရီ တောင်ညိုစောင်းခွင်က
ခေါင်းတင်ကာ ပေါ်လာဆဲဟာမို့
ခဲလို့စောင့်တုန်း။

ခက်ဆစ်[ပြင်ဆင်ရန်]

အရုဏ်ခြည် = နေမထွက်မီ ‌အရှေ့အရပ်မှ ဦးစွာ ဖြစ်ပေါ်လာသော နေ၏ ရှေ့ပြေးလင်းရောင်ခြည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာကဗျာလက်ရွေးစင် − အဋ္ဌမတန်း