ခရီးသွားခြင်း

ဝီကီပီးဒီးယား မှ
ခရီးသွားလာသူများ အကြိုက်တွေ့ကြသည့် တောင်ကြီးမြို့

ခရီးသွားခြင်းဟာ ကလေးများအတွက် ဒေသန္တရ ဗဟုသုတ တိုးပွား စေပါတယ်။ ကျောင်းသုံးစာအုပ်များတွင် သင်ယူရတဲ့ ပထဝီ သင်ခန်းစာများကို ပြင်ပတွင် လေ့လာနိုင်သလို ၊ ရုပ်ရှင်ရုပ်ပြ များတွင် မြင်တွေ့ဖူးနေရသော တိရစ္ဆာန်ဥယျာဉ်ရိုလာကိုစတာ စတာတွေကို ကိုယ်တိုင်မြင်တွေ့ လေ့လာ ရသဖြင့် တစ်မြို့ တစ်ရွာသို့ သွားရောက်လည်ပတ်ခြင်းသည်လည်းကောင်း ၊ မြို့တွင်း၌သာ လည်ပတ်ခြင်းသည်သော်လည်းကောင်း ၊ ခရီးတိုသော် လည်းကောင်း ၊ ရပ်ဝေးခရီးရှည်သော်လည်းကောင်း မည်သည့်ခရီးပင်ဖြစ်ပါစေ ကလေးများအတွက် အကျိုးကျေးဇူးရှိလှပါတယ်။

တကယ်တော့ ကလေးများနှင့် ခရီးသွားလာခြင်းဟာ ပျော်ပွဲစားထွက် သလို မဟုတ်ဘဲ ခရီးမထွက်မီ ကြိုတင်ပြင်ဆင်ရခြင်း ၊ ခရီးဆောင်အိတ်များ သေတ္တာများ ထုပ်ပိုးရခြင်း ၊ တစ်မြို့ တစ်ရွာတွင် ကလေးများ ခရီးပန်းကာ ဖျားနာခြင်းမျိုးအတွက် စိုးရိမ်ရခြင်း ၊ အိပ်ရေးဝဝ မအိပ်ရခြင်းတို့ ကြုံတွေ့ နိုင်သော်လည်း ကျောင်းပိတ်ရက်များ ခရီးသွားလာခြင်းဟာ ကလေးများ အတွက် ပြုလုပ်ပေးရမယ့် မိဘများရဲ့ အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။

ခရီးစရိတ်အတွက် ကုန်ကျရန် မတတ်နိုင်တဲ့အခါမှာ စနေ ၊ တနင်္ဂနွေနေ့ လိုမျိုးမှာ အနီးအနားက ပင်လယ်ကမ်းခြေမြို့ ၊ မိမိနေထိုင်ရာ မြို့နှင့် ကပ်လျက် ရှိသော တခြားတစ်မြို့ကို သွားရောက်လည်ပတ်သင့်ပြီး ခရီးစရိတ်အတွက် အကုန်အကျ ခံနိုင်လျှင်တော့ စရိတ်အကုန်ခံနိုင်လျှင် ခံနိုင်သလောက် ဝေးလံသော နေရများ ၊ ခရီးစရိတ်ဈေးများသောနေရာများကို မိမိ အလိုရှိသလို သွားရောက်လည်ပတ်နိုင်ပါတယ်။ ဘယ်လိုနေရာမျိုးကိုပဲသွားသွား ၊ မိမိနေထိုင်ရာ မြို့မှ အသစ်အဆန်းဖြစ်သော တခြားတစ်နေရာသို့ သွားရောက် လည်ပတ်သည် ဆိုလျှင်ပဲ ကလေးများအတွက် လမ်းခရီးအတွေ့အကြုံ၊ မိမိ နေထိုင်ရာမြို့ နှင့်မတူသော ဗိသုကာလက်ရာများ ကိုလေ့လာနိုင်မှာဖြစ်ပါတယ်။ လေယာဉ်၊ ကား၊ ရထား၊ ရေကြောင်းလမ်း စသည်ဖြင့် ခရီးသွားလာရန် နည်းအမျိုးမျိုး ရှိသည့်အနက် မည်သည့်နည်းဖြင့် သွားစေကာမူ ကလေးများအတွက် အသစ်အဆန်းဖြစ်လို့နေပါတယ်။ ကလေးများကို တစ်ခရီး တည်းသွား ခရီးသည်များနှင့် မိတ်ဆက်ပေးခြင်း လည်း ဖြစ်သွား သည့် အတွက် ကလေးများအတွက် လမ်းခရီးမှာ မိတ်ဆွေတိုးပွားလာစေ နိုင်ပါတယ်။

ခရီးမထွက်မီမှာတော့ ကလေးများကို သူတို့ရဲ့ကိုယ်ပိုင် ပစ္စည်းများကို ထုပ်ပိုးစေခြင်းဖြင့် သူတို့၏ တာဝန်ကို ခွဲဝေပေးနိုင်ပါတယ်။ ကလေးကြီးများက သူတို့ရဲ့ အရုပ်တစ်ရုပ်လောက်ကို ထည့်ယူခဲ့စေနိုင်သလို ၊ မူကြိုအရွယ် ကလေးငယ်များက သူတို့ရဲ့ ကျောပိုးအိတ်ထဲမှာ သူတို့ရဲ့ အသုံးအဆောင်များကို ထည့်ပါစေခြင်းဖြင့် တာဝန်ယူတတ်မှု နဲ့ အရေးကြီးမှုတို့ကို ကလေးများကို လေ့ကျင့်သင်ပေးရာရောက်ပါတယ်။

ဘယ်ကိုသွားရမယ်ဆိုတာကို စဉ်းစားတဲ့အခါမှာ ဥရောပနိုင်ငံများကို သွားရောက်လည်ပတ်ခြင်းက စရိတ်စက ကြီးမားလှပေမယ့် အိမ်နီးချင်း နိုင်ငံများ ကို သွားရောက်လည်ပတ်လျှင်တော့ စရိတ်သိပ်ကုန်ကျမှာ မဟုတ်ပါဘူး။ ကလေးများကို မတူညီသော ယဉ်ကျေးမှု ၊ ဘာသာစကား ၊ အဆောက်အဦ ဗိသုကာလက်ရာ ၊ အစားအသောက် အသစ်အဆန်းများ နဲ့ ပတ်ဝန်းကျင် ရနံ့သစ်တို့ကို မျက်စိဖွင့်ပေးရာ ရောက်ပါတယ်။ ကလေးများကို သူတို့ရဲ့ ဇာတိမြို့ရွာမှ ကွဲပြားခြားနားသော ၊ အသစ်အဆန်းဖြစ်နေသော နေရာဒေသတစ်ခုသို့ ပို့ဆောင်ပေးခြင်းဟာ သူတို့အတွက် ခြားနားခြင်းကို လေ့လာရန် အရေးကြီးလှပါတယ်။

ခရီးထွက်မည့်နေရာကို ရွေးချယ်သောအခါမှာလည်း ကလေးများ နှစ်သက်ပျော်ရွှင်မှုရရှိနိုင်သော နေရာဖြစ်ရန်လည်း လိုအပ်လှပါတယ်။ သမိုင်းဝင် အဆောက်အဦးများကို မြင်တွေ့ရသော အခါတွင်လည်း သမိုင်းစာအုပ်ထဲတွင် ပါရှိသော သင်ခန်းစာများကို ကလေးများ မျက်မြင် တွေ့မြင်နိုင်သလို တော ၊တောင် ၊ ရေ ၊ မြေ သဘာဝများကို ကလေးများကို ပြသကာ ပထဝီသင်ခန်းစာများကို ပြန်လည်မှတ်မိစေနိုင်ပါတယ်။ ကားလမ်းဖြင့် ခရီးသွားလာသောအခါတွင်လည်း မိုင်တိုင် အရေအတွက်များကို မှတ်သားစေခြင်းဖြင့် ကလေးများကို သင်္ချာသင်ခန်းစာကို လေ့လာစေနိုင်ပါတယ်။

လူကြီးများက အလုပ်တာဝန် ၊ အိမ်မှုတာဝန်များဖြင့် ပင်ပန်းနေသော်လည်း ကလေးများ ကျောင်းပိတ်ရက်ရှည်တွင် ကလေးများကို ခရီးတစ်ခုခု ပို့ဆောင် ပေးခြင်းဖြင့် ထိုခရီးသွားအတွေ့အကြုံများက သူတို့အတွက် လေ့လာမှတ်သား စရာများဖြင့် အကျိုးရှိလှသလို ဘဝတစ်သက်တာမှာ မှတ်မိနေမည့် ပျော်ရွှင်စရာနေ့ရက်များ ဖြစ်ပါပေလိမ့်မယ်။