ခရမ်းကစော့
Solanum ptychanthum | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Asterids |
မျိုးစဉ်: | Solanales |
မျိုးရင်း: | Solanaceae |
မျိုးဇာတ်: | Solaneae |
မျိုးစု: | Solanum |
မျိုးစိတ်: | S. ptychanthum
|
ဒွိနာမ | |
Solanum ptychanthum |
ခရမ်းကစော့ (Solanum ptychanthum; အင်္ဂလိပ်: West Indian nightshade) ကို ကစော့ခါး ဟုလည်း ခေါ်သည်။ မျိုးစု (Genus)မှာ Solanum ဖြစ်သည်။ မျိုးစိတ် (Species) မှာ indicum ဖြစ်ပြီး မျိုးရင်း (Family)မှာ Solanaceae ဖြစ်သည်။
Indian Night-Shade (ကစော့ခါး)
[ပြင်ဆင်ရန်]- Botany Term : Solanum indicum Linn
- Species/Family : Solanaceae
ပုံသဏ္ဌာန်
[ပြင်ဆင်ရန်]အပင်
[ပြင်ဆင်ရန်]နှစ်ကြာခံ ပင်ငယ်တစ်မျိုးဖြစ်၏။ အမြင့် ၄-၅ ပေခန့် ထိ ရှိတတ်၏။ ပင်စည်ရိုးတံမာ၍ မွေးများ ဖြင့် ဖုံးအုပ်ထား၏။ ချွန်ထက်၍ ပြားသော ဆူးများစွာပါ၏။ ဆူးများသည် စိမ်းဝါရောင်ရှိ၍ သန်မာပြီး အောက်သို့ ကောက်နေ၏။ အကိုင်းအခက် များ၏။
အရွက်
[ပြင်ဆင်ရန်]ရွက်လွှဲထွက်သည်။ အရွက်ပုံသဏ္ဌာန်မှာ ဘဲဥပုံဖြစ်ပြီးထောင့် ခုနှစ်ထောင့် ပါရှိ၏ အရွက်မျက်နှာ နှစ်ဖက်သစလုံးတွင်သေးငယ်သော ဆူးလေးများပါရှိ၏။ ရွက်ညှာတွင်လည်း ဆူးရှိ၏။ ရွက်ညှာ ရှည်၏။
အပွင့်
[ပြင်ဆင်ရန်]ဘေးထွက်ပန်းခိုင်ဖြစ်သည်။ အပွင့်များ သေးငယ်၍ ခရမ်းရောင် ရှိသည်။
အသီး
[ပြင်ဆင်ရန်]လုံးဝိုင်း၏။ အစေ့များ ခွံပျော့သီးဖြစ်၍ အခိုင်လိုက်သီး၏။ မှည့်က လိမ္မော်ရောင်ရှိပြီး အလွန်ခါး၏။ အချင်း ၁/၄ လက်မခန့်ထိ ရှိ၏။
မြန်မာ့တိုင်းရင်းဆေးတွင် အသုံးပြုပုံ
[ပြင်ဆင်ရန်]- အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ : ပဉ္စငါးပါး
- မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။
- ပေါက်ရောက်ပုံ : သဘာ၀အလျောက် ပေါက်ရောက်သည်။
- အသုံးဝင်ပုံ : အာနိသင်
မြန်မာဆေးကျမ်းများ အလိုအရ စပ်ရှားရှားရှိ၏၊ခါး၏၊ပူ၏၊ လေသလိပ်ကို ကြေစေ၏၊ နှုတ်ကိုမြိန်စေ၏၊ နှလုံးကို အားပေး၏၊နူနာ၊ အဖျား၊ ပန်းနာ၊ လေနာ၊ယားနာ တို့ကို နိုင်၏ ။
အသုံးပြုပုံ
[ပြင်ဆင်ရန်]ပဉ္စငါးပါး
[ပြင်ဆင်ရန်]- ပဉ္စငါးပါးရည်ကို ညှစ်သောက်ခြင်း၊ကြိတ်ဖတ်ဖြင့် အုံပေးခြင်းဖြင့် မြွေဆိပ်၊ ကင်းဆိပ်ပြေပျောက်စေ၏။
- သွားကိုက်၊ နာကျင်ခြင်းနှင့် သွားပိုး ထသောအခါ အမြစ်ကို သွေး၍ သွား၌ သိပ်ပေးခြင်းဖြင့်၊ အမြစ်မှုန့် ကိုမှိုင်းတိုက်၍ အခိုးရှူပေးခြင်းဖြင့် သွားနှင့်ပတ်သက်သောရောဂါများ ပျောက်၏။
- အမြစ်ကို ဆန်ဆေးရည်နှင့် သွေး၍ သောက်ပါက နှာခေါင်းသွေးလျှံခြင်း ပျောက်၏။
- နား၌ ပိုးကောင်ဝင်လျှင် ကစော့ခါးသီးကို မီးရှို့ပြီး အခိုးခံပါက ပိုးထွက်၏။
- ကစော့ခါး မြစ်ကိုအမှုန့်ပြုပြီး ကွမ်းရွက်ပြုတ်ရည်နှင့် သောက်ခြင်းဖြင့် အညှော်ခံ ငန်းဆေးကြီးအဖြစ် အသုံးပြု၏။
- ပဉ္စငါးပါး နုပ်နုပ်စဉ်း၍ ရေထက်ဝက် ခန်းအောင် ကျိုပြီး ပိတ်သန့်သန့်ဖြင့် စစ်၍ အေးလျှင် ပျားရည်တစ်ဆယ်သားခန့် ထည့်ပါ။ လက်ဖက်ရည် ပန်းကန်ဖြင့် ထက်ဝက်ခန့် တစ်နေ့ နှစ်ကြိမ် သောက်ပါက မီးယပ်ဖြူဆင်းသည့်ရောဂါ ပျောက်၏။ [၁]