မာတိကာသို့ ခုန်သွားရန်

ခင်အေးဟန်

ဝီကီပီးဒီးယား မှ

ခင်အေးဟန် (၁၉၃၇-၂၀၀၆) သည် မြန်မာနိုင်ငံသား အလှမယ်၊ သရုပ်ဆောင်၊ အဆိုရှင်နှင့် အသံသရုပ်ဆောင် ဖြစ်သည်။ အထူးသဖြင့် ရုပ်ရှင်အနုပညာတွင် ဘာပဲလုပ်ရ လုပ်ရ ခံယူချက်ထားသူ ဖြစ်ပြီး ဒေါ်သီတာခင်ထွေးလို မိန်းမကြမ်းကြီးဆန်ဆန်၊ အထက်တန်းလွှာမှ မာနကြီး၊ အတ္တစွဲ မိန်းမကြီးမျိုးအဖြစ် သရုပ်ဆောင်လိုကြောင်း သိရသည်။

ငယ်ဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

၁၉၃၇ ခု၊ အောက်တိုဘာလ ၁၂ ရက်တွင် ဦးသိန်း၊ ဒေါ်သန်းမယ်တို့မှ တွံတေးမြို့၌ မွေးသည်။ အမည်ရင်းမှာ မအေးဟန် ဖြစ်၏။ အထက်တန်းပညာကို ရန်ကုန်မြို့မအထက်တန်းကျောင်းမှ ဖြေဆိုရာ (ခ) အဆင့်ဖြင့်သာ အောင်သည်။ နောက် ထားဝယ်မြို့၌ ဒုတိယအကြိမ် ဖြေဆိုသော် စာမေးပွဲကျ၏။

အနုပညာခရီး

[ပြင်ဆင်ရန်]

ရန်ကုန်၌ (ခ) အဆင့်ဖြင့်သာ အောင်သည်နောက် ကန်တော်ကလေး ဘားမားမူစလင်ကျောင်း (ယခု အထက ၆ မင်္ဂလာတောင်ညွန့်) ၌ ၁၉၅၅-၅၇ ကာလတွင် ဆရာမအဖြစ် အလုပ်ဝင်သည်။ နောက် ထားဝယ်သို့ပြောင်းကာ (၁၀) တန်း ထပ်ဖြေသည်။ စာမေးပွဲမအောင်သော်လည်း မယ်ရွေးပွဲတွင် ဝင်ပြိုင်ရာ အနိုင်ရသဖြင့် ထားဝယ်မယ် ဖြစ်၏။

အနုပညာအလုပ်ကို ဇောက်ချလုပ်မည်ဟု ရည်ရွယ်ကာ ရန်ကုန်သို့ ပြန်လာသည်။ သိမ်ဖြူရှိ မယ်ရွေးပွဲတွင် ပြိုင်ရာ အနိုင်ရ၏။ [] ဒါရိုက်တာ ဦးတင်ယုက ရုပ်ရှင်လောကသို့ ခေါ်သည်။ ၁၉၆၀ ပြည့်ထွက် အရိုင်းနဲ့တောကောင် ဇာတ်ကားတွင် ဇာတ်ရံအဖြစ် စပါသည်။

ဇင်းကျိုက်တောင် ဇာတ်ကား၌ ပါဝင်ပြီးနောက် သရုပ်ဆောင်အလုပ်မှနားကာ ကုန်သွယ်ရေးဌာန၌ စာရေးအဖြစ် ၁၉၆၃-၆၉ ကာလ၌ အလုပ်ဝင်ခဲ့သည်။

နောက် ဒါရိုက်တာ စံလွင်နှင့် ခင်စိုး ပေါင်းရိုက်သည့် ဒီကောင်မလေး ဇာတ်ကားတွင် ပြန်ပါရအပြီး သရုပ်ဆောင်အလုပ်၊ အသံသရုပ်ဆောင်အလုပ်တို့ကိုသာ တစိုက်မတ်မတ် လုပ်တော့၏။

ပါဝင်ခဲ့သောဇာတ်ကားများ

[ပြင်ဆင်ရန်]
  • အရိုင်းနဲ့တောကောင် (၁၉၆၀)
  • ဇင်းကျိုက်တောင်
  • ဒီကောင်မလေး
  • ရပ်ကြီးသူ (၁၉၇၅)
  • ချစ်ခြင်းဆိုသည် ဘာလဲကွယ် (၁၉၈၄)
  • စိမ်းလို့သာခေါ်လိုက်ပါ (၁၉၈၄)
  • ကျားခင်စိန် (၁၉၉၃)
  • နော်ရင်မွှေး (၁၉၉၄)
  • တုယှဉ်နှိုင်းလည်းမမီပါ (၁၉၉၇)

အသံဖြင့်သရုပ်ဆောင်သည့် ကတ်ဆက်ဇာတ်လမ်းများ

[ပြင်ဆင်ရန်]
  • ပြောပြန်ရင်လဲ မောင်သာရလွန်ရာကျမယ်
  • ထီးဆောင်းပြောတဲ့ပတ်ဝန်းကျင်
  • စိတ်
  • အချစ်သုတေသနဇာတ်လမ်း

မိသားစုဘဝ

[ပြင်ဆင်ရန်]

ရုပ်ရှင်သရုပ်ဆောင် အေးကျော်နှင့် လက်ထပ်ကာ သင်္ကန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်းတွင် နေသည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

၂၀၀၆ ခုတွင် ကွယ်လွန်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ခင်မောင်ထွေး (ပျဉ်းမနား). "သရဖူနှင့် အလှမယ် ရွေးချယ်ခြင်း ပြဿနာများ". Irrawaddy. 2014-09-11.