ခင်ယုဆွေ

ဝီကီပီးဒီးယား မှ

ခင်ယုဆွေ (၁၉၄၀-) သည် မြန်မာအမျိုးသမီး အဆိုတော် တစ်ဦးဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၄၀ ခု ဇန်နဝါရီလ ၉ ရက်တွင် ဦးယုစွမ် ဒေါ်ကျင်မြို့တို့မှ ရန်ကုန်၌ မွေးသည်။ အမည်ရင်းမှာ ခင်ခင်အုန်း ဖြစ်သည်။ [၁] မွေးချင်းအစ်မမှာ သရုပ်ဆောင် ခင်ယုမေ ဖြစ်သည်။

အနုပညာခရီး[ပြင်ဆင်ရန်]

၁၉၅၅-ခုတွင် မြို့မသီ ရေးသော မြဝတ်ရည် သီချင်းကို တေးဗိမာန် တူရိယာအဖွဲ့နှင့် အသံလွှင့်ကာ ဂီတနယ်သို့ ခြေချသည်။ ၁၉၅၉-ခုတွင် ရွှေဂီတမောင်မယ် (နောက် မေတ္တာမွန် ဟု အမည်ပြောင်း) အဖွဲ့သို့ ပြောင်းသည်။ နောက် လေလှိုင်းသံ အဖွဲ့နှင့် လက်တွဲပြန်သည်။

ထင်ရှားသောတေးများ[ပြင်ဆင်ရန်]

အမည် တေးရေး အသံလွှင့်နှစ် မှတ်ချက်
မြဝတ်ရည် မြို့မသီ ၁၉၅၅
ချစ်ခရီးဧရာ တင်ဦးလေးနှင့်
ပုဂံဘုရားဖူး ကိုအေးသန်းနှင့်
မောင်မယုံရင် မပြောချင်ဘူး

ကိုးကား[ပြင်ဆင်ရန်]

  1. ဝန်ဇင်း (၁၉၇၅) "ဂီတအဘိဓာန်"