ခင်မောင်ညို (ဘောဂဗေဒ)

ဝီကီပီးဒီးယား မှ
ခင်မောင်ညို (ဘောဂဗေဒ)
မွေးဖွား (၁၉၅၆-0၄-၁၁) ဧပြီ ၁၁၊ ၁၉၅၆ (အသက် ၆၈)
နိုင်ငံလူမျိုးမြန်မာ
လူမျိုးဗမာ
ပညာရေးB.Econ. (P.D.) ရန်ကုန် စီးပွားရေး တက္ကသိုလ်၊ M.Phil. (Eco)
အလုပ်အကိုင်ဂျာနယ် အယ်ဒီတာ၊ E-Trade eTrade Myanmar Co., Ltd တည်ထောင်သူ
ကျော်ကြားမှုအရင်းခံစာရေးဆရာစီးပွားရေးပညာရှင်
အိမ်ထောင်ဖက်(များ)ဒေါ်မိုးမိုးခိုင်
သားသမီးမစုနွယ်
မိဘ(များ)ဦးချစ်ဦး+ဒေါ်မြရင်

ခင်မောင်ညို (ဘောဂဗေဒ) သည် မြန်မာနိုင်ငံသား စီးပွားရေးပညာရှင်၊ စာရေးဆရာ တစ်ဦး ဖြစ်သည်။

ကိုယ်ရေးအချက်အလက်များ[ပြင်ဆင်ရန်]

၁၉၅၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် အဖ ဦးချစ်ဦး၊ အမိ ဒေါ်မြရင်တို့က မွေးဖွားသည်။ အထက ငါန်းဇွန်၊ အထက မြင်းမူ၊ အထက (၁) စစ်ကိုင်းတို့တွင် ပညာသင်ယူခဲ့သည်။ ၁၉၇၁ မှ ၁၉၇၅ ခုနှစ်အထိ ရန်ကုန် စီးပွားရေး တက္ကသိုလ်တွင် တက်ရောက်သင်ကြားခဲ့ပြီး၊ စီးပွားရေးပညာ B.Econ. (P.D.) ဘွဲ့ ရရှိခဲ့သည်။

၁၉၇၈ ခုနှစ်တွင် ရန်ကုန်တိုင်း အမှတ်(၂)ဒေသကောလိပ်တွင် နည်းပြဆရာ အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ် တို့တွင် သင်ကြားပို့ချခဲ့ပြီး၊ စီးပွားရေး တက္ကသိုလ် ဘောဂဗေဒဌာနတွင် ၂၀၀၁ ခုနှစ်အထိ ကထိကအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၉၁ ခုနှစ်တွင် ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ မဟာဒဿန (ဘောဂဗေဒ) M.Phil. (Eco) ဘွဲ့ ရရှိခဲ့သည်။

စာပေရေးသားခြင်း[ပြင်ဆင်ရန်]

၁၉၇၁ တွင် ဗုဒ္ဓ ဓမ္မ လောက စာစောင်မှ တဆင့် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် စင်ကာပူ ဖွံ့ဖြိုးမှု အတွေ့အကြုံ (နေမျိုးထွန်းနှင့် တွဲဖက်၍)၊ ဗုဒ္ဓအလိုကျ လုပ်ငန်းခါင်စီးပွားရေးမျက်စိ စာအုပ်များ ထုတ်ဝေခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် လူမှု ဆက်ဆံရေး နည်းဗျူဟာ စာအုပ်၊ ၁၉၉၇ ခုနှစ်တွင် အောင်မြင်သော လုပ်ငန်းရှင်နှင့် အိမ်တော်၌ကွန်ဖြူးရှပ်၏ စီးပွားရေး ပြဿနာ ၁၀ဝ အဖြေရှာသင့်ကိုယ်ထဲက ခေါင်းဆောင်လူတိုင်းတွက်တာ ခေါင်းဆောင်မှု ပညာ စာအုပ်များ၊ ၁၉၉၉ ခုနှစ်တွင် သင့်ဖောက်သည်ကို ဘယ်လို ဆက်ဆံမလဲဖြေရဲရင် မေးကြည့်ဂျာနယ်ကြိုက် စီးပွားရေးကမ္ဘာ့စီးပွား၊ မြန်မာ့စီးပွား စာအုပ်တို့ကို ထုတ်ဝေခဲ့သည်။

ခင်မောင်ညို (ဘောဂဗေဒ) ကလောင်အမည်ဖြင့် စီးပွားရေးပညာ၊ စီမံခန့်ခွဲမှုပညာနှင့် ပတ်သက်သော စာအုပ်ပေါင်း ၃ဝ ကျော် ထုတ်ဝေခဲ့ပြီး၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာစောင်များတွင် ရေးသားလျက် ရှိသည်။

အခြားလုပ်ဆောင်မှုများ[ပြင်ဆင်ရန်]

၁၉၉၈ မှ ၂၀၀၇ ခုနှစ်အထိ နိုင်ငံတကာ စီးပွားရေးဂျာနယ် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၀ဝ မှ ၂၀၀၇ အထိ ခေတ်လူငယ် တွင် အယ်ဒီတာချုပ် အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၀၁ မှ ၂၀၀၆ ခုနှစ်ထိ ဝန်ကြီးချုပ်ရုံး၌ ဒုတိယညွှန်ကြားရေးမှူး (Deputy Director) အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် E-Trade eTrade Myanmar Co., Ltd ကို စတင် တည်ထောင်ခဲ့သည်။ ကမ္ဘာ့စီးပွားရေး ဂျာနယ်တွင် အယ်ဒီတာချုပ် အဖြစ် တာဝန်ယူလျက်ရှိသည်။

မိသားစု[ပြင်ဆင်ရန်]

၁၉၈၉ ခုနှစ်တွင် ဒေါ်မိုးမိုးခိုင်နှင့် လက်ထပ်ခဲ့ပြီး၊ ၁၉၉၃ ဒီဇင်ဘာတွင် သမီးငယ် မစုနွယ်ကို မွေးဖွားခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "{{{title}}}" (February, 2009). Living Color ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန် စီးပွားရေးသတင်း မဂ္ဂဇင်း (163). 
  2. ခင်မောင်ညို (ဘောဂဗေဒ)။ နိယာမ ဗဟိုပြု ခေါင်းဆောင်။ စာပေလောက စာအုပ်တိုက်။