ကွာလာ တဲရန်ဂနူးမြို့

ဝီကီပီးဒီးယား မှ
ကွာလာ တဲရန်ဂနူးမြို့
Kuala Terengganu
မြို့
ယာဘက်ထိပ်မှစ၍ လက်ျာရစ်။ တဲရန်ဂနူး ပြည်နယ်ပြတိုက်၊မြို့တော်သို့ ဦးတည်နေသောတန်ကူး မီဇန်လမ်း၊ တရုတ်တန်း၊ အဘီဒင် ဗလီ နှင့် ခရစ်စတယ် ဗလီ
ယာဘက်ထိပ်မှစ၍ လက်ျာရစ်။ တဲရန်ဂနူး ပြည်နယ်ပြတိုက်၊မြို့တော်သို့ ဦးတည်နေသောတန်ကူး မီဇန်လမ်း၊ တရုတ်တန်း၊ အဘီဒင် ဗလီ နှင့် ခရစ်စတယ် ဗလီ ၏ မြင်ကွင်းပုံ
နိုင်ငံ မလေးရှား

ကွာလာ တဲရန်ဂနူးမြို့အား အရပ်သုံးစကား အတိုကောက် အနေဖြင့် ကေတီ ဟု ခေါ်ဝေါ်လေ့ ရှိကြပြီး မလေးရှားနိုင်ငံ တဲရန်ဂနူးပြည်နယ်၏ အုပ်ချုပ်ရေးမြို့တော်၊ နန်းမြို့တော် နှင့် အဓိက စီးပွားရေး အချက်အချာ ဒေသတစ်ခု ဖြစ်သည်။ ကွာလာတဲရန်ဂနူးခရိုင်၏ အုပ်ချုပ်ရေး ဒေသတစ်ခုလည်း ဖြစ်သည်။ ကွာလာလမ်ပူမြို့၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၄၄၀ အကွာတွင် တည်ရှိပြီး ကျွန်းဆွယ်မလေးရှား၏ အရှေ့ဘက် ကမ်းရိုးတန်းတွင် တည်ရှိသည်။ တဲရန်ဂနူးမြစ်ဝတွင် တည်ရှိပြီး တောင်တရုတ်ပင်လယ်ကို မျက်နှာမူ၍ တည်ရှိသည်။