ကွန်းကော့ဒ် လေယာဉ်

ဝီကီပီးဒီးယား မှ
ကွန်းကော့
အမျိုးအစား အသံထက်မြန်သော ခရီးသည်တင်လေယာဉ်
ထုတ်လုပ်သူ ဘီအေစီ (ယခု ဘီအေအီး စစ်စတမ်)
Aérospatiale (ယခုအီးအေဒီအက်စ်)
ပထမဦးဆုံးခရီးစဉ် မတ်လ ၂ရက် ၁၉၆၉ ခုနှစ်
စတင်ပျံသန်းခြင်း ဇန်နဝါရီ ၂၁ရက် ၁၉၇၆
အဓိကအသုံးပြုသူ ဗြိတိသျှ လေကြောင်းလိုင်း
ပြင်သစ် လေကြောင်းလိုင်း
ထုတ်လုပ်သည့်အချိန် ၂၀၀၄ ခုနှစ် မှ ယခုထိ
တည်ဆောက်ပြီးခဲ့သည့် အရေအတွက် ၂၀ စင်း
တစ်စီးချင်း၏တန်ဖိုး ၁၉၇၇ ခုနှစ်က ပေါင် ၂၃ သန်း

ကွန်ကော့သည် တာဘိုဂျက် အင်ဂျင်ဖြင့် မောင်းနှင်ပြီး အသံထက်မြန်အောင် သွားနိုင်သည့် ခရီးသည်တင် လေယာဉ်ဖြစ်သည်။ ၎င်းသည် အင်္ဂလန်နှင့် ပြင်သစ်အစိုးရတို့၏ စာချုပ်ဖြင့် အာရိုစပါရှယ် နှင့် ဗြိတိသျှ အဲယားခရက်ဖ် ကော်ပိုရေးရှင်းတို့ကို ပေါင်းစပ်ခြင်းကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပထမဆုံး ပျံသန်းမှုမှာ ၁၉၆၉ ခုနှစ်တွင် ဖြစ်၍ ကွန်ကော့သည် ပထမဆုံး ခရီးသည် တင်ပို့မှုအဖြစ် ၁၉၇၆ တွင် စတင်ခဲ့၍ ခရီ:သည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် ၂၇ နှစ်မျှကြာအောင် ပြေးဆွဲခဲ့သည်။

ကွန်ကော့သည် အခြားလမ်းကြောင်းများကို ပျံသန်းသော်လည်း ပုံမှန်အားဖြင့် လန်ဒန် ဟိသ်ရိုး လေဆိပ် နှင့် ပဲရစ် ချားဒီဂေါလ် လေဆိပ်တို့မှ အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်၍ ပုံမှန် လမ်းကြောင်း အဖြစ် နယူးယောက်မြို့ ဂျွန်အက်ဖ် ကနေဒီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အခြား ခရီ:သည်တင် လေယာဉ်ပျံများ ပျံသန်းသော အချိန်၏ တစ်ဝက်မျှဖြင့် စံချိန်တင် ပျံသန်းခြင်း အားဖြင့် အမြတ်အစွန်းများစွာ ရရှိသည်။

လေယာဉ် အစင်း ၂၀ သာလျှင် တည်ဆောက်ခဲ့သဖြင့် လေယာဉ်ပျံကို တည်ဆောက်ခဲ့ရသည်မှာ စီးပွားရေး အရ များစွာ ဆုံးရှုံးသည်။ ပြင်သစ်လေကြောင်းလိုင်း နှင့် ဗြိတိသျှလေကြောင်းလိုင်း တို့ ဝယ်ယူခဲ့ကြသည်မှာလည်း သူတို့၏ သက်ဆိုင်ရာ အစိုးရများက ထောက်ပံ့ခဲ့သောကြောင့် ဖြစ်သည်။ ၂၀၀၀ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင် လေယာဉ်တစ်စင်း ပျက်ကျခဲ့ခြင်းနှင့် အခြားသော အကြောင်းများကြောင့် ၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နောက်ဆုံးအကြိမ် အဖြစ် ပျံသန်းကာ ဆက်လက်ပြေးဆွဲခြင်း မရှိတော့ပေ။

ကွန်းကော့ဆိုသော အမည်မှာ ယူနိုက်တက်ကင်းဒမ်းနှင့် ပြင်သစ်တို့ကြားမှ အတူတကွ ထုတ်လုပ်ရေး စာချုပ်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယူကေတွင် ပုံမှန်မဟုတ်သော မည်သည့် လေယာဉ်ကို မဆို ကွန်းကော့ ဟု သိရှိကြသည်။ ကွန်းကော့လေယာဉ်ပျံအား လူအတော်များများက လေကြောင်းဆိုင်ရာ ပျံသန်းခြင်း၏ ပြယုဂ်တစ်ခု နှင့် အင်ဂျင်နီယာနည်းပညာ၏ အံဩဘနန်းဖြစ်ဖွယ် တစ်ခု အဖြစ် မှတ်ယူကြသည်။