ကွန်လက်လေးသစ်နှင့် ငါးစင်းအုပ်၍ မမိနိုင်၊ ကွန်လက်သည်းကွင်းနှင့် ငါးကြီးပစ်၍ မရနိုင်

ဝီကီပီးဒီးယား မှ

ကွန်လက်လေးသစ်နှင့် ငါးစင်းအုပ်၍ မမိနိုင်၊ ကွန်လက်သည်းကွင်းနှင့် ငါးကြီးပစ်၍ မရနိုင် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

လက်လေးသစ်အကွက်ရှိသော ပိုက်ကျဲဖြင့် ငါးစင်းကဲ့သို့ ငါးငယ်ကို အုပ်၍မရနိုင်။ လက်သည်းကွင်းခန့်အကွက်ရှိသော ကွန်စိပ်ဖြင့် ငါးကြင်းကဲ့သို့ ငါးကြီးကို ဖမ်း၍ မိသည့်တိုင်အောင် မိမိရရ မဖမ်းနိုင်။ ထိုကဲ့သို့ပင် အသေးအဖွဲကိစ္စကို ရေးကြီးခွင့်ကျယ် ဆောင်ရွက်လျှင် အဆင်မပြေနိုင်။ ကြီးကျယ်သော ကိစ္စကို ထိရောက်စွာ မဆောင်ရွက်လျှင် မအောင်မြင်နိုင်။

ဆိုလိုရင်းတူညီသောအခြားစကားပုံ[ပြင်ဆင်ရန်]

ဆင်ချည်သောကြိုး ကြက်ချည်သော် မမြဲ၊ ကြက်ချည်သောကြိုး ဆင်ချည်သော် မခိုင် နှင့်အတူတူဖြစ်သည်။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၂၉