ကြွက်နို့

ဝီကီပီးဒီးယား မှ
ကြွက်နို့
ခြေမတွင် ဖြစ်ပွားနေသော ကြွက်နို့များ
အထူးပြုအရေပြားရောဂါဗေဒ

ကြွက်နို့ (အင်္ဂလိပ်: Wart) ဆိုသည်မှာ Human papilloma virus (HPV) ခေါ်သော (ဗိုင်းရပ်စ်)ကြောင့် ဖြစ်ကြသည်။ ထိုပိုးများသည် အမျိုးပေါင်း ၁ဝ⁠ဝ ကျော် ၂ဝဝ ရှိသည်။ တစ်ကိုယ်လုံးမှာ ကြွက်နို့ပေါက်တတ်သည်။ ကူးတတ်သည်။ အထူးသဖြင့် လိင်လမ်းကြောင်း(ပါးစပ်၊ မွေးလမ်းကြောင်း၊ စအို)များမှာ ဖြစ်သည့် ကြွက်နို့က ပိုပြီးကူးတတ်သည်။ ထို့ကြောင့် အကာအကွယ်မဲ့ အတူနေထိုင်ခြင်းကို ရှောင်ပါ။ တချို့မှာ အပြင်ကနေ မသိနိုင်တဲ့ ကြွက်နို့ရှိနေတတ်ပြီး သူများကို ကူးစက်နိုင်သည်။

တချို့ကြွက်နို့များသည် အလိုလို ပျောက်သွားနိုင်သည်။ ဒါပေမဲ့ ပျောက်မှာဘဲဆိုပြီး စောင့်မနေဘဲ ကုဖို့တိုက်တွန်းပါသည်။ ကုသနည်းကလဲ ကြွက်နို့ပေါက်တဲ့နေရာ မတူရင် မတူပြန်ပါ။ ဆေးမြီးတိုနည်းတွေကို အားမပေးလိုပါ။ အလွယ်ဝယ်ရတဲ့ ဆေးတွေဆိုတာ အာမခံချက် မရှိပါ။ အသားတွေကို စားပစ်မယ့် အက်စစ်ဓာတ် အဆများလွန်းတာတွေ ဖြစ်တတ်သည်။ အထူးသဖြင့် မျက်နှာနဲ့ လိင်လမ်းကြောင်းမှာ ပေါက်တာမျိုးဆိုရင် ပိုဆိုးသွားပါလိမ့်သည်။

အရေပြားအထူကုဆရာဝန်တွေက အကောင်ဆုံးကုသပေးနိုင်သည်။ မြင်တာနဲ့ ရောဂါကိုသိသည်။ လိုအပ်ရင် Biopsy အသားစဖြတ်ပြီး စစ်ဆေးမည်။ ကြွက်နို့တွေက ဆေးမကုဘဲလဲ ပျောက်နိုင်တာရှိသည်။ အထူးသဖြင့် ကလေးတွေမှာ ဖြစ်ရင်။ လိင်လမ်းကြောင်းမှာမဟုတ်ရင် ဘာမှ စိုးရိမ်စရာမလိုပါ။

  1. Cantharidin ဆေးလိမ်းပေးနည်း။ အပူဖူးလေးထွက်မယ်။ တပါတ်နေရင် သေသွားတဲ့ကြွက်နို့ကို ခြစ်ထုတ်ပြစ်မယ်။ ဒီဆေးလိမ်းကာစ ဘယ်လိုမှ မခံစားရပေမယ့် ၃-၄ နာရီ ကြာလာရင် နာလာပါမယ်။ ဆေးလိမ်း ပြီးရင် တစ်ရက်တိုင်တိုင် ပတ်တီးစည်းပေးထားတာ ပိုကောင်းပါတယ်။ Cantharidin နဲ့ ရောထားတဲ့ ဆေးမျိုး ဆိုရင် ၂ နာရီကြာရင် ပတ်တီး ဖြည်ပေးရပါမယ်။
  2. Liquid nitrogen ဆိုတာ ကြွက်နို့ကို အေးခဲသွားစေတဲ့ ဆေးကုနည်း Cryotherapy ဖြစ်ပါတယ်။ ၂ ကြိမ်ကနေ ၄ ကြိမ် ရက်ခြားပြီး လုပ်ပေးရပါတယ်။ ၁ ပါတ်ကနေ ၃ ပါတ်ပဲ ကြာမှာပါ။
  3. Electrosurgery and curettage လျှပ်စစ်နည်း။ ခြေထောက်မှာဖြစ်တာကို သုံးလေ့ရှိတယ်။ ပြီးတဲ့နောက် ခြစ်ပြစ်ပေးမယ်။
  4. Excision ခွဲစိတ်ဓားနဲ့ ခွဲထုတ်နည်း။
  5. Laser လေဆာနည်းနဲ့ Chemical peels ဓာတုအခွံခွါနည်းတွေကို ခက်ခဲတဲ့ကြွက်နို့တွေအတွက် သုံးနိုင်သည်။
  6. Salicylic acid အပြင်းစား + Tretinoin + Glycolic acid တွေသုံးတယ်။ ခြေ-လက်တွေမှာ ပေါက်တာမျိုးကို လိမ်းပေးရင်ရပါတယ်။ နေ့တိုင်း ရက်ကြာကြာ လိမ်းရပါမယ်။ ရေချိုးပြီးနောက် အရေပြားက ခပ်စို⁠စိုလေး ရှိနေတုံး ဆေးလိမ်းတာ ပိုထိရောက်ပါတယ်။ နောက်ထပ် ရေတစ်ခါ မချိုးခင် ကျောက်တုံးကြမ်းလေးနဲ့ ပွတ်တိုက်ပြီး သေနေတဲ့ အရေပြားလွှာကို ရှင်းထုတ် ပစ်ရပါဦးမည်။
  7. Bleomycin ဆေးထိုးနည်း။ ကင်ဆာကိုကုတဲ့ဆေးဖြစ်တယ်။ ဘေးထွက်-ဆိုးကျိုးတော့ရှိမယ်။ ဥပမာ ခြေသည်းလက်သည်းပျက်စီးနိုင်သည်။
  8. Immunotherapy ခုခံအားဆေးနည်း။ Diphencyprone (DCP) ဆေးသုံးတယ်။ Interferon (အင်တာဖရွန်) ထိုးဆေးလဲသုံးသည်။

အလားအလာ[ပြင်ဆင်ရန်]

ကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကတော့ မသေပါ။ ပြန်ဖြစ်နိုင်သည်။ တနေရာမှာ အသစ်ပေါ်မယ်။ ကြွက်နို့ကို တစ်နည်းနဲ့ မရရင် နောက်တစ်နည်းသုံးပြီး ကုရတတ်ပါတယ်။ အပြီးတိုင် ပျောက်သွားတာရှိသလို ပြန်လဲ ဖြစ်တတ်သည်။ လိင်လမ်းကြောင်းကြွက်နို့က ပိုပြီး ပြန်ဖြစ်တတ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ဒေါက်တာတင့်ဆွေ ၁၉-၂-၂ဝ၁၄