ကြွက်ကတိုး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ကြွက်ကတိုး
Temporal range: Recent
Muskrat Foraging.JPG
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Rodentia
Superfamily: Muroidea
မျိုးရင်း: Cricetidae
မျိုးရင်းသေး: Arvicolinae
မျိုးဇာတ်: Ondatrini
Gray, 1825
မျိုးစု: Ondatra
Link, 1795
မျိုးစိတ်: O. zibethicus
ဒွိနာမ
Ondatra zibethicus
(Linnaeus, 1766)
Verbreitungsgebiet Bisamratten.jpg
Muskrat range (native range in red, introduced range in green. Introduced range in South America not shown.)

ကြွက်ကတိုးသည် မြောက်အမေရိကတိုက်၌ အများအားဖြင့် တွေ့ရသော ကတိုးနံ့ထွက်သည့် ကြွက်တမျိုးဖြစ်သည်။ ချောင်းကမ်းပါတို့တွင် တွင်းတူး၍ နေတတ်သည်။ ရေကူးအလွန် ကျင်လည်သည်။

ကြွက်ကတိုးသည် ၁ ပေခန့် ရှည်သည်။ ကိုယ်ပေါ်၌ တောက်ပြောင်သော အညိုရောင် သားမွေးများရှိသည်။ နောက်ခြေ ပြားသည်။ အမြီး ၈ လက်မခန့် ရှည်၍ အမွေးမရှိ။ ဦးခေါင်းသည်ကျယ်၍ လုံးသည်။ နားရွက်များသည် သေးငယ်၍ ဦးခေါင်း၌ ကပ်နေကြသည်။

ကြွက်ကတိုးသည် ဗီဗာဖျံများကဲ့သို့ သူတို့၏ နေအိမ်တွင် အခန်းကြီး အခန်းငယ် အမျိုးမျိုး ပြုလုပ်ထားကြသည်။ ထိုအခန်းများ၌ပင် သားမွေး၍ ဆောင်းရာသီကို ကုန်လွန်စေသည်။ နွေရာသီတွင် ရေကူးလိုက်၊ နေပူစာ လှုံလိုက်နှင့် တပျော်တပါး နေတတ်ကြသည်။ ရေ၌ပေါက်သော အပင်များ၏ အရိုးအမြစ်၊ အရွက်တို့ကို စားလေ့ရှိသည်။ အိမ်အနီးအနား၌ တွေ့သော အသီးအရွက်များကိုလည်း စားလေ့ရှိသည်။

ဆောင်းဦးပေါက်လာသည်နှင့် တပြိုင်နက် ဆောင်းရာသီ ခိုလှုံရန်အတွက် အိမ်ကို ပြုပြင်ဆောက်လုပ်လေ့ရှိသည်။ လူတို့သည် ကြွက်ကတိုးကို သူတို့၏ အိမ်မှ သားမွှေးရရန်အတွက် အမြောက်အများ ရှာဖွေ ဖမ်းဆီးကြသည်။ ယနေ့ခေတ်တွင်မူ မရှိသလောက် ရှားပါးသွားသော ရှားပါသတ္တဝါတစ်မျိုး ဖြစ်သည်။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Linzey, A.V. (2008). Ondatra zibethicus. In: IUCN 2008. IUCN Red List of Threatened Species. Retrieved 10 Jule 2009. Database entry includes a brief justification of why this species is of least concern.
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၂၊ အပိုင်း-ခ၊ နှာ-၂၉၃။
Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။