ကြယ်ခံတပ်၊ မတရာ
Star Fort | |
---|---|
Matara၏ တစ်စိတ်တစ်ပိုင်း | |
Matara, Sri Lanka | |
![]() The moat of the redoubt | |
ကိုဩဒိနိတ် | 5°56′53″N 80°32′54″E / 5.94806°N 80.54833°Eကိုဩဒိနိတ်: 5°56′53″N 80°32′54″E / 5.94806°N 80.54833°E |
အမျိုးအစား | Defence fort |
နေရာအချက်အလက် | |
ထိန်းချုပ်သူ | Government of Sri Lanka |
အများပြည်သူ ဝင်ထွက်ခွင့် | Yes |
အခြေအနေ | Good |
သမိုင်းကြောင်း | |
တည်ဆောက် | 1763-65 |
တည်ဆောက်သူ | Dutch |
အသုံးပြုပစ္စည်း | Granite Stones and coral |
ကြယ်ခံတပ် (သီဟိုဠ်: මාතර තාරකා කොටුව Mathara Tharaka Kotuwa; တမီးလ်: விண்மீன் கோட்டை, romanized: Viṇmīṉ Kōṭṭai)သည် သီရိလင်္ကာနိုင်ငံ၊ မတရမြို့တွင် တည်ရှိသည့် ခံတပ်တစ်ခု ဖြစ်သည်။ နိဝလမြစ်၏ အရှေ့ဘက်မြစ်ကမ်းတွင် တည်ရှိသည်။ ဤခံတပ်၏ ဂိတ်သည် မတရခံတပ်မှ ၃၅၀ မီတာခန့် (၁၁၅၀ ပေ) အကွာတွင် တည်ရှိသည်။ ၎င်းကို ၁၇၆၅ ခုနှစ်တွင် ဒတ်တို့က တည်ဆောက်ခဲ့သည်။ ၎င်းကို မူလက Redoute Van Eck ဟု ခေါ်ခဲ့ကြသည်။
သမိုင်း[ပြင်ဆင်ရန်]
၁၆၄၀ ခုနှစ်တွင် ဒတ်ချ်တို့သည် မတရာတွင် အဓိကခံတပ်ကို တည်ဆောက်ခဲ့သည်။ သို့သော် ၎င်းခံတပ်သည် ကုန်းမြေပေါ်မှ တိုက်ခိုက်မှုများကြောင့် ထိခိုက်မှုများ ရှိခဲ့သည်။ ၁၇၆၂ ခုနှစ်တွင် Singhalese စစ်တပ်များသည် Kandyan မင်းနိုင်ငံကို တိုက်ခိုက်ကာ ခံတပ်ကို ထိန်းချုပ်ခဲ့သည်။ ၁၇၆၃ တွင် ဒတ်ချ်တို့သည် ခံတပ်ကို ပြန်ရခဲ့သည်။ ထို့နှစ်တွင်ပင် နိဝလမြစ်၏ အရှေ့ဘက်ကမ်းခြေတွင် နောက်ထပ်သေးငယ်သည့်ခံတပ်အသေးတစ်ခုကို စတင်တည်ဆောက်ခဲ့သည်။ မြစ်မှတစ်ဆင့် အဓိကခံတပ်ကို တိုက်ခိုက်မှုရန်မှ ကာကွယ်နိုင်ရန် ဖြစ်သည်။ ကြယ်ခံတပ်၏ ပုံစံသည် အနားခြောက်ဖက်ပါရှိကာ တမူထူးခြားသည်။ အရပ်မျက်နှာအားလုံးမှ ချည်းကပ်လာမည့် ရန်သူများကို တိုက်ခိုက်ရန် ကြီးမားသည့် အမြောက် ၁၂ ခုစာ နေရာထားရှိသည်။ အပြင်ဘက်နံရံသည် ခန့်မှန်းခြေ အကျယ် ၇.၅ မီတာ (၂၅ ပေ) သည်။ ပတ်လည်မှ ၆ မီတာ (၂၀ ပေ) အကျယ်၊ ၃.၁ မီတာ (၁၀ ပေ) နက်သည့် ကျုံးက ဝန်းရံထားသည်။ ခံကတုတ်နံရံများသည် မာကျောသည့်ကျောက်တုံး၊ သန္တာကျောက်များဖြင့် ပြုလုပ်ထားသည်။ ၎င်းသည် ၁၄ ပေ (၄.၃ မီတာ) အကျယ်ရှိသည်။ ခံတပ်ကို လုံလောက်သည့် လက်နက်ခဲယမ်းများ၊ စားနက်ရိက္ခာများနှင့် အစောင့်တပ်သားများနေနိုင်ရန် အခန်းလည်း ပါရှိသည်။ ထို့အပြင် အချုပ်ခန်းနှစ်ခု၊ ခံတပ်၏ အလယ်တွင် ၂.၇၅ မီတာ (၉ပေ) အချင်းရှိသည့် ရေတွင်းတစ်ခုရှိသည်။ ရေသွယ်စနစ်တွင် အတွင်းပိုင်းနှင့် မုတ်သုံမိုးရေများကို ကျုံးအတွင်းသို့ စီးဆင်းစေသည်။ တည်ဆောက်ခဲ့သည့် ခုနှစ် ၁၇၆၅ စာသားကို အဓိကဂိတ်ပေါက်တွင် ဒတ်ချ်အရှေ့အိန္ဒိယကုမ္ပဏီဟူသည့် စာနှင့်အတူ ရေးထိုးထားသည်။