ကြက်တောင်ကွ

ဝီကီပီးဒီးယား မှ

ကြက်တောင်ကွ သည် မြန်မာ ကာတွန်းရုပ်ရှင် ဖြစ်ကာ ၁၉၃၄ခုနှစ်တွင် ဦးဘဂျမ်းသည် ပဲရော့ရုပ်ရှင်ကုမ္ပဏီအတွက် ကာတွန်းရုပ်ရှင်ကို ဦးဟိန်းစွန်းနှင့်အတူ ရေးဆွဲရာမှ မြန်မာနိုင်ငံ၏ပထမဆုံးကာတွန်းရုပ်ရှင်အဖြစ် ပေါ်ပေါက်လာရသည်။[၁][၂] ကြက်တောင်ကွ ရုပ်ရှင်သည် ပေရှစ်ရာမျှ ရှည်လျား၍ စာသားအတွက် ကားချပ်ပေါင်း ရှစ်သောင်းငါးရာခန့်ရေးဆွဲရပေသည်။ဤ ကာတွန်းရုပ်ရှင်သည် ဦးဘဂျမ်း၏ ပထမဆုံးရုပ်ရှင်လည်း ဖြစ်သည်။ [၂]အဆိုပါ ရုပ်ရှင်အား ၁၉၃၄ခုနှစ် စက်တင်ဘာလ ၁ဝရက်နေ့တွင် ပလာဇာရုံ(နောင်-ရာဇ်ရုံ၊ ရဲရင့်ရုံ၊ ဆာကုရ)တွင်"သတင်းထောက်"ဇာတ်ကားနှင့်အတူ ပြသခဲ့သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
  2. ၂.၀ ၂.၁ မင်းယုဝေရေးသောပထမမြန်မာများ
  3. မြန်မာ့ဗဟုသုတ ၁၀၀၊ နန္ဒမိုးကြယ်။