ကျွန်မက မဟေသီ (ရုပ်သံဇာတ်လမ်းတွဲ)

ဝီကီပီးဒီးယား မှ
ကျွန်မက မဟေသီ
ရုပ်သံလွှင့် ပိုစတာ
အခြေခံထားသည်မှာသျှင်မ (၂၀၁၃) ကျွန်မက မဟေသီ
ဒါရိုက်တာအိအိခိုင်
သရုပ်ဆောင်
  • အောင်ရေချမ်း
  • ဝင့်ယမုံနိုင်
  • သံသာမိုးသိမ့်
  • ဂရိတ်ချမ်း
  • မိုးသီရိထက်
  • အိမ့်ကြည်ဖြူ
  • လဝန်းသစ်
  • ဇော်ဦး
  • ရဲအောင်
  • ဇင်မျိုး
  • မေသဉ္ဇာဦး
  • ဂွမ်းပုံကြီး
  • အားကိုးရာ
  • ပြည့်သုတနိုင်
  • ကောင်းထက်သာ
  • ဟိန်းရတု
  • မာန်ဟိန်း
  • ခွန်ဆိုင်း
နိုင်ငံမြန်မာ
ဘာသာစကားဗမာ
ထုတ်လုပ်မှု
ထုတ်လုပ်သူနိယျာယန ထုတ်လုပ်ရေး
ထုတ်လွှင့်မှု
မူရင်းရုပ်သံလိုင်းMRTV-4
မူလထုတ်လွှင့်ခြင်း2019

ကျွန်မက မဟေသီ သည် ၂၀၁၉ ခုထွက် မြန်မာ ရုပ်သံဇာတ်လမ်းတွဲ ဖြစ်သည်။ သျှင်မ၏ ဝတ္ထုကို အေးမို့မို့အောင်နှင့် အေးချမ်းမွန်တို့ ဇာတ်ညွှန်းရေးပြီး အိအိခိုင် ရိုက်ကူးသည်။ အောင်ရေချမ်း၊ ဝင့်ယမုံနိုင်နှင့် သံသာမိုးသိမ့်တို့ အဓိကသရုပ်ဆောင်ထားသည်။

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

အိမ်ပေါ်မှ နှင်ချခံရသည့် မင်းမျိုးနွယ်မှာ စံမြန်းနှင့် ကလေးတစ်ယောက်ရသည်အထိ တော၌ နေသည်။ ဇနီးနှင့် သားတို့ ဆင်းဆင်းရဲရဲနေရသည်ကို မကြည့်ရက်၍ ပြန်တောင်းပန်မည်ပြုကာ အိမ်သို့ ပြန်သည်။ လမ်း၌ ယောက်ျားဖြစ်သူထံမှ ပြေးလာသည့် မိန်းမချောနှင့် မုန်းမာန်ကို တွေ့သည်။ ကားမှောက်၍ မင်းမျိုးနွယ် အတိတ်မေ့သည့်အခါ သူ့ဘဝအကြောင်းကို တစွန်းတစသိထားသည့် မိန်းမချောက တော၌ရခဲ့သည့် ဇနီးနှင့် သားအသွင်ပြုကာ မင်းမျိုးနွယ်အိမ်သို့ တက်သည်။

အိမ် မီးလောင်ပြီးနောက် ယောက်ျားအား စုံစမ်းရန် အနွယ်တော်ကိုခေါ်၍ စံမြန်း မြို့တက်လာသည်။ အမျိုးတော်သူ ဦးဘမှန်ထံ၌ ကပ်နေသည်။ ဦးဘမှန်မှာ မင်းမျိုးနွယ်တို့အိမ်မှ ကားသမားဖြစ်သည်။ သို့နှင့် အတိတ်မေ့နေသော ယောက်ျားကို ပေယျလကံပြုကာ သူတို့သားအမိကို ပစ်သွားရသည့် အကြောင်းရင်းကို တိတ်တဆိတ် စုံစမ်းသည်။ အလိုက်သိသော စံမြန်းနှင့် နေရာလိုချင်သည့် မိန်းမချောတို့အကြား မင်းမျိုးနွယ်၏ မိခင် ဒေါ်မြတ်နွယ် ဗျာများရသည်။ စရိုက်ဆိုးသော မိန်းမချောနှင့် ရန်ဘက်တို့မှာက သူတို့သိသော တရားဝင်ဇနီးဖြစ်ပြီး ကျိုးနွံသော စံမြန်းနှင့် အနွယ်တော်တို့မှာ သူစိမ်း ဖြစ်နေသည်။

မင်းမျိုးနွယ်၏ မွေးနေ့ရောက်သော် အိမ်ပေါ်မှဆင်းစဉ် သွားနေခဲ့ဖူးသည့် နိုင်ငံခြားရောက်သူငယ်ချင်းထံမှ သတင်းသိရသော် အဖြစ်မှန် ပေါ်သွားသည်။ မိန်းမပျောက် ရှာနေသည့် ကိုဝေဠလည်း ရောက်လာရာ အရှုပ်အားလုံး ရှင်းသွားတော့သည်။

ဇာတ်ဆောင်များ[ပြင်ဆင်ရန်]

  • မင်းမျိုးနွယ် အဖြစ် အောင်ရေချမ်း
  • စံမြန်း အဖြစ် ဝင့်ယမုံနိုင်
  • မိန်းမချော အဖြစ် သံသာမိုးသိမ့်
  • ဦးမြတ်ခေါင် အဖြစ် ဇော်ဦး
  • ဒေါ်မြတ်နွယ် အဖြစ် မေသဉ္ဇာဦး
  • မုန်းမာန် အဖြစ် အားကိုးရာ
  • အနွယ်တော် အဖြစ် ပြည့်သုတနိုင်
  • ဦးဝေဠ အဖြစ် ဇင်မျိုး

ကိုးကား[ပြင်ဆင်ရန်]