ကျွန်တော့် အမျိုးသမီးနဲ့ သူ့ရဲ့အမေ

ဝီကီပီးဒီးယား မှ

"ကျွန်တော့် အမျိုးသမီးနဲ့ သူ့ရဲ့အမေ"ဟုခေါ်သော ကာတွန်းပုံသည် လူတစ်ယောက်ကို ဇဝေဇဝါဖြစ်စေနိုင်သော ပုံတစ်ခု ဖြစ်သည်။

ရာဇဝင်[ပြင်ဆင်ရန်]

အမေရိကန် ကာတွန်းဆရာ ဝီလီယံ အယ်လီ ဟစ်လ်(၁၈၈၇-၁၉၆၂)က "ကျွန်တော့် အမျိုးသမီးနဲ့ သူ့ရဲ့အမေ"ပုံကို ၁၉၁၅-ခုနှစ် နိုဝင်ဘာ ၆-ရက်နေ့တွင် ပတ်ခ်ဟုခေါ်သော အမေရိကန်ဟာသမဂ္ဂဇင်းတစ်ခု၌ "သူတို့ နှစ်ယောက်စလုံး ဒီပုံမှာပါတယ်။ ရှာကြည့်ပါ။" ဆိုတဲ့ စာတမ်းလေးနှင့် တွဲပြီး ပုံနှိပ်ထုတ်ဝေခဲ့သည်။[၁] အဆိုပါပုံနှင့် ဆင်တူသော ပို၍ ရှေးကျသောပုံကို ၁၈၈၈-ခုနှစ်က ထုတ်ဝေသော ဂျာမန် ပို့စကတ်တစ်ခုတွင်လည်း တွေ့နိုင်သည်။[၂]

၁၉၃၀-ခုနှစ်တွင် အက်ဒဝင်ဘောရင်းက အဆိုပါပုံကို "ဇဝေဇဝါဖြစ်စေနိုင်သော ပုံအသစ်တစ်ခု"ဟူသော စာတမ်းတစ်စောင်ဖြင့် စိတ်ပညာရှင်များအား မိတ်ဆက်ပေးလိုက်ချိန်မှ စပြီး၊ ထိုပုံသည် ကျောင်းသုံးစာအုပ်များနှင့်လက်တွေ့ပညာရပ်ဆိုင်ရာ စမ်းသပ်မှုများတွင် အသုံးများလာခဲ့သည်။[၃][၄]

၁၉၁၅-ခုနှစ်မှ "ကျွန်တော့် အမျိုးသမီးနဲ့ သူ့ရဲ့အမေ"
၁၈၈၈-ခုနှစ်ထုတ် ဂျာမန် ပို့စကတ်


ကိုးကား[ပြင်ဆင်ရန်]

  1. My wife and my mother-in-law. They are both in this picture – find themPrints & Photographs Online Catalog။ Library of Congress။ ၂၀၁၁-၁၀-၉ တွင် ပြန်စစ်ပြီး။
  2. Weisstein၊ Eric W.။ Young Girl-Old Woman IllusionMathWorld။ ၂၀၁၁-၁၀-၉ တွင် ပြန်စစ်ပြီး။
  3. Botwinick, Jack (၁၉၆၁၊ ဇွန်). "Husband and Father-in-Law—A Reversible Figure". The American Journal of Psychology ၇၄ (2). 
  4. "Perception of an ambiguous figure is affected by own-age social biases" (၂၀၁၈-၀၈-၂၃). Scientific Reports (၁). doi:10.1038/s41598-018-31129-7.