ကျော်ထွဏ်း (ကာတွန်း)

ဝီကီပီးဒီးယား မှ

မြန်မာကာတွန်းဆရာတစ်ဦး ဖြစ်သူ ကာတွန်းဦးကျော်ထွဏ်းကို (၁၉၄၆)ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်တွင် မွေး ဖွားခဲ့သည်။ အဖ ဦးရွှေဝင်း၊ အမိ ဒေါ်အုန်းမေ တို့၏ သား ဖြစ်သည်။ မန္တလေးဇာတိ ဖြစ်သည်။ (၁၉၇၀)ပြည့်နှစ် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ တွင် ကာတွန်းစတင်ရေးဆွဲသည်။ ပန်းချီနှင့် ကာတွန်းပညာကို (၁၉၇၁-၁၉၇၄)ခုနှစ်တွင် ပန်းချီပန်းပုကျောင်း(ရန်ကုန်) နှင့် ပန်းချီဦးဘကြည်ကာတွန်းဦးမောင်စိန်ပန်းချီဦးအေးတင် တို့ထံတွင် လေ့လာသင်ယူခဲ့သည်။ မောင်ရိုး၊ မျောက်ဖိုးစိန် ဇာတ်ကောင်များဖြင့် ကာတွန်းဇာတ်လမ်းတိုများ ရေးဆွဲလျက် ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ကာတွန်းဝင်းအောင်၏ မြန်မာကာတွန်းပေါင်းချုပ်