ကျောက်ဝိုင်းစေတီတော်

ဝီကီပီးဒီးယား မှ

ကျိုက်ဝိုင်းစေတီတော်သည် ရန်ကုန်မြို့၊ သမိုင်းရပ်၊ သမိုင်းရွာ အရှေ့ဘက်တွင် တည်ရှိသည်။ ရှေးကဘွဲ့တော်မှာ ““ကျိုက်အဝိုင်အွတ်”” ဟုခေါ်တွင်သည်။ ငမိုးရိပ်၊ မရွှေပွင့်ဇာတ်လမ်းတွင် ငမိုးရိပ်မိကျောင်း၏ အရိုးများကို အုတ်ဂူ တည်ကာ (ကျောက်များဖြင့် ဝိုင်းရံထား၍) ““ကျောက်ဝိုင်းစေတီ”” တွင်ခဲ့သေးသည်။ နှစ်စဉ်ဘုရား ပွဲတော်ကို တပို့တွဲလတွင် ကျင်းပသည်။ ရှေးအခါ က ကျိုက်ဝိုင်းဘုရားပွဲတော်မှာ အလွန်စည်ကားကြီးကျယ်သဖြင့် နံမည်ကြီးတန်ခိုးကြီး ဘုရားတစ်ဆူပင် ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၅၇၊ ၅၈။