ကျောက်မီးသွေးနု
အညွှန်းသို့ ခုန်ကူးရန်
ရှာဖွေရန် ခုန်ကူးမည်
ပေါင်းပင် သစ်ပင်များ နှစ်ကာလကြာရှည်စွာ နစ်မြုပ်နေရာမှ အခြေပြောင်းရာတွင် ကျောက်မီးသွေးအဖြစ်သို့ မရောက်မီ သက်နုပိုင်းဖြစ်သည်။ အညိုပုတ်ရောင် မီးသွေးလွှာများ အဖြစ်တွေ့ရသည်။ ကျောက်မီးသွေးနုမှာ လေနှင့်တွေ့ထိသည့်အခါ ကြွတ်ဆတ်လွယ်သည်။ ထုတ်လုပ်ရာ ဒေသ၌ပင် ရေနွေးငွေ့ထုတ်လုပ်ရန် အသုံးပြုသည်။ ထိုကျောက်မီးသွေးကို မီးသင့်ကျောက်မီးသွေး ပြုလုပ်၍ မရပေ။ အရှေ့ဂျာမဏီနိုင်ငံမှ ကမ္ဘာအတွက် သုံးပုံတစ်ပုံနှင့် ရုရှားနိုင်ငံမှ လေးပုံတစ်ပုံခန့် ထွက်သည်။ ကမ္ဘာပေါ်တွင် နှစ်စဉ် တန်သန်း ၆၀၀၀ ခန့်ထွက်သည်။[၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ လှသမိန် ၏ ဗဟုသုတစွယ်စုံ
![]() | ဤ ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |