ကျောက်ကတ္တရာ

ဝီကီပီးဒီးယား မှ

ကျောက်ကတ္တရာဆိုသည်မှာ ကျောက် ရော၍နေသော ကတ္တရာမျိုး ဖြစ်သည်။ ကျောက်ကတ္တရာတွင် သဲကျောက်နှင့် ထုံးကျောက်တို့သည် သဘာဝအလျောက် ကတ္တရာနှင့် မြဲမြံစွာ ရောနေကြ၏။ တစ်ခါတစ်ရံ ကျောက်ကတ္တရာကို ဗစ်တျူမီနပ် ကျောက် (ဗစ်တျူမင်ပါသောကျောက်)ဟူ၍လည်း ခေါ်လေ့ ရှိ၏။ ကျောက်ကတ္တရာသည် ရိုးရိုးကတ္တရာကဲ့သို့ပင် လမ်းခင်းရန်အတွက် အသုံးဝင်၏။ ကျောက်ကတ္တရာကို ကမ္ဘာအနှံ့အပြား၌ ရရှိ၏။ အများဆုံးရနိုင်သော ဒေသများမှာ အမေရိကန်ပြည်ထောင်စု၊ စစ္စလီကျွန်း၊ အယ်လဆက်နယ်၊ အီတလီနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံတို့ ဖြစ်ကြသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)