ကျီးပါးစပ်ဂူ

ဝီကီပီးဒီးယား မှ
ကျီးပါးစပ်

ကျီးပါးစပ်ဂူ သည် ကျိုက်ထီးရိုးရင်ပြင်တော် မြောက်ဘက်တွင် တည်ရှိသည်။ ရင်ပြင်တော်မှ မြောက်ဘက် အောက်သို့ နှစ်ဖာလုံကျော် ဆင်းသွားရသည်။ သွားရာလမ်း ဝဲ/ယာ တွင် တောထွက်ဆေးမျိုးစုံဆိုင်များ၊ ပရဆေးဆိုင်များ၊ ဝါး/ကြိမ် တို့ဖြင့် ပြုလုပ်ထားသော လက်ဆောင်ပစ္စည်း အရောင်းဆိုင်၊ အမှတ်တရ အင်္ကျီ အဝတ်အစား အရောင်းဆိုင်၊ စားသောက်ဆိုင်များ ရှိပေသည်။

ကျီးပါးစပ်[ပြင်ဆင်ရန်]

ကျောက်ဖျာနှစ်ချပ်သည် ကျီးကန်းနှုတ်သီးသဏ္ဌာန် ဟနေသည်။ ထိုဟနေသည့် ကျီးပါးစပ်အတွင်းသို့ ဘုရားဖူးများသည် အကြွေစေ့များဖြင့် ပစ်သွင်းကာ အဓိဋ္ဌာန်ပြု ဆုတောင်းကြသည်။ တစ်စုံတစ်ခုကို အဓိဋ္ဌာန်ပြုဆုတောင်းကာ ပစ်သွင်း၍ ဝင်သွားပါက ဆုတောင်းပြည့်ကြသည်ဟု ယုံကြည်ကြသည်။

ကျီးပါးစပ်ဂူ[ပြင်ဆင်ရန်]

ကျီးပါးစပ်ဂူအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်
ကျီးပါးစပ်ဂူအပေါ်ရှိ ဇမ္ဗူအေးစေတီ

ကျီးပါးစပ်နှုတ်သီးအောက်တွင် ဂူတစ်ခုရှိပေသည်။ ဂူပေါက်ဝမှာ ကျဉ်းသည်ဟု ထင်ရသော်လည်း မည်မျှပင် ဝသူဖြစ်စေ ဝင်ရောက်၍ ရသည်။ အတွင်းသို့သွားရာလမ်းမှာ အတန်ကျယ်သည်။ ကျီးပါးစပ်ဂူ အတွင်းတွင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရှိသည်။ ကျီးပါးစပ်ဂူကို ကာကွဏ္ဏဘိုးဘိုး စောင့်ရှောက်သည်ဟု ဆိုကြသည်။ ဂူပေါက်လမ်းကြောင်းသည် စစ်တောင်းမြစ်အထိ ရောက်သည်ဟု ဆိုကြသည်။ ဂူအနီးတွင် နတ်ရုပ်နှင့် နတ်ကွန်းရှိသည်။ ကျီးပါးစပ်ပေါ်မှစေတီတော်သည် ဇမ္ဗူအေးစေတီ ဖြစ်သည်။


သမိုင်းများအရ ဂူအတွင်းတွင် ဝိဇ္ဇာဓိုရ်နှင့် နဂါးမတို့ ပေါင်းသင်းနေထိုင်ခဲ့ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

[၁]

  1. မောင်စိုးထိုက် (သုံးဆယ်) (မေ ၂၀၁၅)။ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး - သမိုင်းစုံ၊ အံ့ဖွယ်ရာများနှင့် ဗုဒ္ဓ၊ ဓမ္မ သံဃ ပူဇာ။ ရန်ကုန်မြို့: အမေ့သားထိုက်စာပေ၊။