ကျို့ရှင်း

ဝီကီပီးဒီးယား မှ

ကျို့ခ်ရှင်း (Kyokushin) ဆိုသည်မှာ ကရာတေးကစားသည့် စတိုင်(Style) တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှိုတိုကန် စတိုင် ပြီးလျှင် ဒုတိယမြောက်အထင်ရှားဆုံးသော ကရာတေးကစားသည့် စတိုင်ဖြစ်သည်။

ကျိုရှင်ကိုင်းကရာတေးပညာစတင်တည်ထောင်သော ဆရာကြီး အိုရားမား(၁၉၂၃-၁၉၉၄)

ကျို့ရှင်းကရာတေးကစားသမားများ၏ ယုံကြည်ချက်မှာ ကရာတေးသမားတစ်ယောက်အနေနှင့် ကရာတေးပညာကို တကယ်လက်တွေ့စမ်းသပ်အသုံးချခြင်း မပြုဘဲ မတတ်မြောက်နိုင်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ကျို့ရှင်း စတိုင်ကို ကစားသော ကရာတေးသမားများသည် ပြင်ပလောကတွင် အမှန်တကယ် တိုက်ခိုက်မှု ပြုနေသည့် ပမာ တိုက်ခိုက်လေ့ကျင့်ကြသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

International Karate Organization / Kyokushinkaikan ကိုတည်ထောင်ခြင်း[ပြင်ဆင်ရန်]

၁၉၆၄တွင် Kyokushinkaikan ကို တည်ထောင်ပြီးနောက် အိုယားမားသည် အဖွဲ့ကို တိုးချဲ့နေသည့် ကာလတလျှောက်လုံး အုပ်ချုပ်ခဲ့သည်။ [၁] အိုယားမားသည် ကျို့ရှင်းပုံစံကို လူသိများရန်နှင့် အဖွဲ့ဝင်အသစ်များ စုဆောင်းနိုင်စွမ်းရှိသည့် သင်တန်းဆရာများကို ရွေးချယ်ခဲ့ပြီး ၎င်းတို့ထဲမှ တယောက်ကို သင်တန်းခွဲ အသစ်တစ်ခုဖွဲ့ရန် ရွေးချယ်တာဝန်ပေးအပ်သည်။ တာဝန်ပေးအပ်ခံရသော သင်တန်းဆရာသည် အသစ်ဖွင့်လှစ်မည့်နေရာသို့သွားရောက်ပြီး လူအများနှင့်သက်ဆိုင်သောနေရာများ၌ ၎င်း၏ ကရာတေးစွမ်းရည်များကို ပြသသည်။ ထို့နောက် ကျို့ရှင်း ကရာတေးသတင်းသည် တဆင့်စကားဖြင့် ဒေသတွင်းပျံ့နှံ့သွားပြီး အမာခံသင်တန်းသားများဖြင့် သင်တန်းတခုတည်ထောင်နိုင်သည်အထိ ဖြစ်လာသည်။ အိုယားမားသည် သင်တန်းဆရာများကို နယ်သာလန်နိုင်ငံ (Kenji Kurosaki)၊ ဩစတေးလျ (Shigeo Kato and Mamoru Kaneko)၊ အမေရိကန်ပြည်ထောင်စု (Tadashi၊ Shigeru Oyama နှင့် Yasuhiko Oyama၊ Miyuki Miura)၊ Great Britain (Steve Arneil)၊ ကနေဒါနိုင်ငံ (Tatsuji Nakamura)၊ ဘရာဇီးနိုင်ငံ (Seiji Isobe) အစရှိသဖြင့် နိုင်ငံရပ်ခြားသို့ပါ စေလွှတ်ခဲ့ပြီး အထက်ပါနည်းလမ်းအတိုင်း ကျို့ရှင်းကရာတေးကိုပျံ့နှံ့စေခဲ့သည်။ Jon Bluming၊ Steve Arneil ၊နှင့် Howard Collins အပါအဝင် ကျောင်းသား အများအပြားသည် အိုယားမားထံမှ တိုက်ရိုက်သင်ယူရန် ဂျပန်သို့လာရောက်ခဲ့သည်။ ၁၉၆၉တွင် အိုယားမားသည် The First All-Japan Full Contact Karate Open Championships ကို စတင်ကျင်းပခဲ့ပြီး Terutomo Yamazaki (တဲရုတိုမို ယာမဇကိ)သည် ပထမဆုံးသောချန်ပီယံ ဖြစ်လာခဲ့သည်။ All-Japan Championships ပြိုင်ပွဲကို နှစ်စဉ်ကျင်းပခဲ့သည်။ ၁၉၇၅တွင်မူ The First World Full Contact Karate Open Championships ကို တိုကျို၌ ကျင်းပခဲ့ပြီး ထိုနှစ်မှဆို၍ ၄ နှစ်တကြိမ် ကျင်းပခဲ့သည်။ ဆရာကြီးအိုယားမား ကွယ်လွန်ခဲ့သည့် ၁၉၉၄ ခုနှစ်မှ စတင်၍ Kyokushin Karate အဖွဲ့ပေါင်းများစွာ ကွဲထွက်ပျံ့နှံ့ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Black Belt September 1979။ Books.google.co.uk။ November 22, 2014 တွင် ပြန်စစ်ပြီး။