ကျိုက်ထီးဆောင်းစေတီ

ဝီကီပီးဒီးယား မှ
ကျိုက်ထီးဆောင်းစေတီ
Kyaik Htee Saung Pagoda
အချက်အလက်များ
ကိုဩဒိနိတ်17°09′38″N 97°10′17″E / 17.160439°N 97.171523°E / 17.160439; 97.171523ကိုဩဒိနိတ်: 17°09′38″N 97°10′17″E / 17.160439°N 97.171523°E / 17.160439; 97.171523
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
Sectထေရဝါဒ ဗုဒ္ဓဘာသာ
တိုင်းမွန်ပြည်နယ်
နိုင်ငံမြန်မာနိုင်ငံ
လက်ရှိအခြေအနေactive
ဝက်ဘ်ဆိုဒ်kyaikhteesaung.org
Dhamapali at Kyaikhtisaung

ကျိုက်ထီးဆောင်းစေတီတော် (ကျိုက်ကလွတ်ဒက်စေတီတော်) သည် မွန်ပြည်နယ်ဘီးလင်းမြို့နယ်ဇုတ်သုတ်ရွာတွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သာသနာနှစ် ၁၁၁ ခုနှစ်တွင် မြတ်စွာဘုရားသည် သုဝဏ္ဏဘုမ္မိသို့ ဒေသစာရီ ကြွတော်မူ၏။ ထိုအခါ ကော့ကလွတ်တကောနတ်ဘီလူးကျွန်းမှ ဘီလူးညီနောင်တို့သည် မြတ်စွာဘုရားကို ဖူးမြင်၍ ဆံတော်တစ်ဆူ ရကြ၏။ ထို့နောက် နေရပ်တွင် ဂဝံအုတ်ကျောက်တို့ဖြင့် ၁၁၃ ခုနှစ်တွင် စေတီတော်တစ်ဆူ တည်ခဲ့သည်။

မြတ်စွာဘုရားရုပ်တု၊ ဘီလူးညီနောင်ရုပ်တု၊ ရွှေငွေများအပြင်၊ နတ်သမီးဆံပင်တို့ကို ဖြတ်၍ ကျစ်ခွေကာ ပူဇော်ဌာပနာခဲ့သည်။[၁]

အတိုင်းအတာများ[ပြင်ဆင်ရန်]

စေတီတော်၏ အတိုင်းအတာများမှာ −

  • ဖိနပ်တော် = အတောင် ၄၀
  • ဖိနပ်ခုံ = ၂၃ တောင်
  • ဒုတိယဖိနပ်တော် − ၃၆ တောင်
  • ရှစ်မြှောင့် − ၁၈ တောင်
  • ဉာဏ်တော် − အတောင် ၆၀
  • စေတီတော်ပတ်လည်တွင် ရှိသည့် ကျောက်ပြင်ပျက်သည် နှစ်တောင် တစ်မိုက် ရှိသည်။
  • ထီးရိုး နှစ်တောင့်ထွာရှိသည့် ကျောက်ထီး ၁၂ စင်းကို လှူဒါန်းထားသည်။
  • ဂဝံကျောက်များသည် လူ ၂၀ မှ လူ ၈၀ အထိ မချီရသော ကျောက်တုံးကြီးများ ပါဝင်သည်။[၁]

ဘွဲ့တော်[ပြင်ဆင်ရန်]

စေတီတော်၏ ဘွဲ့တော်မှာ ကျိုက်ကလွတ်ဒက် ဟု ခေါ်သည်။ အဓိပ္ပာယ်မှာ "နတ်တည်သော ဘုရား" ဖြစ်သည်။ ထို့ပြင် နတ်သမီးဆံပင်ကြိုး ဌာပနာထား၍ "ကျိုက်ဇုတ်သွတ်" ဟုလည်း ခေါ်သည်။ ကျိုက်ဇုတ်သုတ်၊ ထီးဆောင်းဘုရားဟု ထင်ရှား၍ တည်ရှိရာ ရွာကိုလည်း ဇုတ်သုတ်ရွာဟု ခေါ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၁၂၀၊ ၁၂၁။