ကျားသေမှ လူစွမ်းကောင်းပေါ်
ပုံပန်းသွင်ပြင်
ကျားသေမှ လူစွမ်းကောင်းပေါ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
[ပြင်ဆင်ရန်]အန္တရာယ်ပြုနေသော ကျားကို ကြောက်၍ ထွက်ပြေးပုန်းရှောင်နေကြပြီး ထိုကျားသေမှ လူစွမ်းကောင်းလုပ်လိုသူ ပေါ်ပေါက်သကဲ့သို့ အန္တရာယ်ပေါ်ပေါက်စဉ် ရှောင်နေကြပြီး အန္တရာယ်မရှိတော့သောအခါမှ ဖြေရှင်းမည်ဆိုသူ ထွက်ပေါ်လာသည်။
ဆိုလိုရင်းတူညီသောအခြားစကားပုံ
[ပြင်ဆင်ရန်]- သူခိုးပြေးမှ ထိုးကွင်းထ နှင့်အတူတူဖြစ်သည်။