သူခိုးပြေးမှ ထိုးကွင်းထ

ဝီကီပီးဒီးယား မှ

သူခိုးပြေးမှ ထိုးကွင်းထ သည် မြန်မာ စကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

သူခိုးရှိတုန်းက မည်သည့်အစွမ်းမျှ မပြဘဲ သူခိုးပြေးခါမှ ထိုးကွင်းက အစွမ်းပြသကဲ့သို့ ပြဿနာနှင့် ရင်ဆိုင်ရမည့်အချိန်၌ ငြိမ်နေပြီး ပြဿနာပြေလည်သွားခါမှ မိမိ မည်မျှအစွမ်းသတ္တိရှိကြောင်း ဟိတ်ဟန်တပြပြ လုပ်သည်။

"သူခိုးပြေးမှ ထိုးကွင်းထမနေနဲ့တော့ ခင်မောင်သိန်းရယ်၊ ရှိသမျှလေးတော့ ကုန်ပြီထင်ပါတယ်။" [၁၃၄၆] ရှုမဝ၊ ၃၈၊ ၄၄၇။ ၉၇။

ကိုးကား[ပြင်ဆင်ရန်]