ကျန်းကျိခဲ

ဝီကီပီးဒီးယား မှ
ကျန်းကျိခဲ(Zhang Jike)
ပါရီမြို့တွင် ကျင်းပသော ၂၀၁၃-ခုနှစ် စားပွဲတင်တင်းနစ် ကမ္ဘာ့ ချန်ပီယံ ပြိုင်ပွဲ ဖိုင်နယ်မှ ကျန်းကျိခဲ
ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်
ငယ်နာမည်张继科
နိုင်ငံသား တရုတ်
မွေးဖွား (1988-02-16) ဖေဖော်ဝါရီ ၁၆၊ ၁၉၈၈ (အသက် ၃၆)[၁]
တရုတ်နိုင်ငံShandongပြည်နယ်၊ ချင်းတောင်မြို့(Qingdao)
ကစားပုံ စတိုင်ရှိတ်ကိုင်နည်း(Shakehand)သုံး ညာသန်ကစားသမား
Equipment(s)Butterfly Viscaria FL, DHS Hurricane 3 National (FH-Black), Butterfly Tenergy 80 (BH-Red)
အမြင့်ဆုံး အဆင့်1 (June to December 2012) [၂]
ကလပ်Shandong Luneng
အရပ်၁.၇၈ m (၅ ft ၁၀ in)[၃]
ကိုယ်အလေးချိန်၇၃ kg (၁၆၁ lb)[၃]

ကျန်းကျိခဲ(ရိုးရှင်းတရုတ်: 张继科; ရိုးရာတရုတ်: 張繼科; ပင်ယင်: Zhāng Jìkē) သည် ၁၉၈၈-ခုနှစ် ဖေဖော်ဝါရီလ ၁၆-ရက်နေ့တွင် မွေးဖွားခဲ့သည့် တရုတ်လူမျိုး စားပွဲတင်တင်းနစ် ကစားသမားတစ်ယောက် ဖြစ်သည်။[၁][၄] ကျန်းကျိခဲသည် ၂၀၁၂-ခုနှစ် လန်ဒန်အိုလံပစ်တွင် စားပွဲတင်တင်းနစ် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ရွှေတံဆိပ်ကို အနိုင်ရရှိပြီး၊ စတုတ္ထမြောက် စားပွဲတင်တင်းနစ် တံခွန်စိုက်ဆုရှင် (Grand Slam)တစ်ယောက် ဖြစ်လာခဲ့သည်။[၅] သူ၏အရင် ပထမ ၃-ဦးမှာ ၁၉၉၂-ခုနှစ်တွင် Jan-Ove Waldner၊ ၁၉၉၉-ခုနှစ်တွင် Liu Guoliangနှင့် ၂၀၀၀-ခုနှစ်တွင် Kong Linghui တို့ဖြစ်ကြသည်။ ကျန်းကျိခဲသည် တံခွန်စိုက်ဆု (Grand Slam)ကို ၄၄၅ ရက်အတွင်း အရယူနိုင်ခဲ့သူ ဖြစ်သည်။ သူသည် ပထမဦးဆုံး ၂၀၁၁-ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံပြိုင်ပွဲ ရွှေတံဆိပ်ကို ရရှိပြီးနောက်၊ ၂၀၁၁-ခုနှစ် ကမ္ဘာ့ဖလား ရွှေတံဆိပ်နှင့် ၂၀၁၂-ခုနှစ် လန်ဒန်အိုလံပစ် ရွှေတံဆိပ်တို့ကို ဆက်တိုက်အနိုင်ရရှိခဲ့သည်။ ပထမဆုံး တံခွန်စိုက်ဆု (Grand Slam)ရရှိပြီးနောက်၊ သူသည် ၂၀၁၃-ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံပြိုင်ပွဲ ရွှေတံဆိပ်နှင့် ၂၀၁၄-ခုနှစ် ကမ္ဘာ့ဖလား ရွှေတံဆိပ်တို့ကို ဆက်လက်ရယူနိုင်ခဲ့ပြီး၊ ဒုတိယအကြိမ် စားပွဲတင်တင်းနစ် တံခွန်စိုက်ဆုရှင်ဖြစ်လာရန် ၂၀၁၆-ခုနှစ် အိုလံပစ်ရွှေတံဆိပ်သာကျန်တော့သော်လည်း၊ အဆိုပါပြိုင်ပွဲတွင် မာလုံကို ရှုံးနိမ့်ခဲ့ပြီး ငွေတံဆိပ်သာ ရရှိခဲ့သည်။ သူသည် စားပွဲတင်တင်းနစ်သမိုင်းတွင် အဓိကကျသောပြိုင်ပွဲများ၏ ရွှေတံဆိပ် ၅-ခုအထိ ရရှိခဲ့ပြီး၊ အဆိုပါပြိုင်ပွဲများတွင် ရွှေတံဆိပ် အများဆုံးကို ဆွတ်ခူးနိုင်ခဲ့သော အမျိုးသားကစားသမားသုံးဦးအနက်မှ တစ်ဦး ဖြစ်လာခဲ့သည်။ ထို့အပြင် သူသည် အဆိုပါ အဓိကရွှေတံဆိပ် ၅-ဆုကို ဆက်တိုက်ရရှိခဲ့သော စံချိန်ကို တင်ထားသူ တစ်ဦးတည်းသော စားပွဲတင်တင်းနစ်ကစားသမားလည်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ITTF player's profile။ International Table Tennis Federation။ 2 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-08-07 တွင် ပြန်စစ်ပြီး။
  2. ITTF world ranking။ International Table Tennis Federation။ 2 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-08-07 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Athlete's Profile2014 Incheon Asian Games Organizing Committee။ 3 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 October 2014 တွင် ပြန်စစ်ပြီး။
  4. ITTF Statistics။ International Table Tennis Federation။ 16 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-11-13 တွင် ပြန်စစ်ပြီး။
  5. "China's Zhang wins men's table tennis gold"၊ The Times Of India။ 2012-08-02 တွင် ပြန်စစ်ပြီး။ Archived from the original on 2012-08-05။