ကျည်ပွေ့ အတက်ပေါက်

ဝီကီပီးဒီးယား မှ

ကျည်ပွေ့ အတက်ပေါက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကျည်ပွေ့မှ အတက်ပေါက်သည် ဆိုသကဲ့သို့ မည်သို့မျှ အောင်မြင်မှုမရနိုင်ဟု အထင်ခံရသူသည် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။

ရှေးအခါက ပုဂံပြည်တွင် နရသီဟပတေ့မင်းလက်ထက် အသက်ခြောက်ဆယ်ကျော်ရွယ်မှ ရဟန်းပြုသော ရဟန်းကြီးတစ်ပါးသည် စာပေသင်ရန် ကံ့ကုဆံအလှူခံမည်ဟု နန်းတော်သို့ ကြွလာ၏။ မင်းက မေးမြန်းလျှောက်ထားရာ စာပေသင်ရန် ကံ့ကူဆံ အလှူခံလိုကြောင်း ဖြေကြား၏။ မင်းက ရဟန်းကြီးအား ကျည်ပွေ့အတက်ပေါက်မှ စာပေတတ်မည်ဟု ပြက်ရယ်စကား ဆိုလိုက်၏။ ရဟန်းကြီးသည် ထိုအခါမှစ၍ သဒ္ဒါ၊ သင်္ဂြိုဟ်ကျမ်းများကို နေ့စဉ် အပတ်တကုန် လေ့လာသင်ကြားရာ မကြာမီ ကျမ်းတတ်တစ်ဆူ ဖြစ်လာသည်။ တစ်နေ့သ၌ ရဟန်းကြီးသည် ကျဉ်ပွေ့၌ သစ်ခက်သစ်ညွန့်စည်း၍ နန်းတော်သို့ ဝင်ကာ ကျည်ပွေ့ အတက်ပေါက်ပြီဟု မင်းအား ပြောဆိုလေ၏။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ကိုယ်တော်ကြီးကလည်း မင်းကြီး-ကျည်ပွေ့ အတတ်ပေါက်ပြီ၊ ငါလည်း သဒ္ဒါကျမ်းတတ်ပြီဟု မိန့်တော်မူ၏။" [၁၃၂၅] ရှေ့သို့၊ ၂၊ ၁၀။ ၆။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. သာသနာလင်္ကာရ။ ၁၂၅။
  2. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၂၂