ကံစမ်းမဲ

ဝီကီပီးဒီးယား မှ

ကံစမ်းမဲ (အင်္ဂလိပ်: Raffle ticket) သည် လောင်းကစားတမျိုးဖြစ်ပြီး ပါဝင်သူတို့က နံပါတ် သို့ အခြားအမှတ်အသားတခုခုပါသော လက်မှတ် ရသည်။ ၎င်းလက်မှတ်တခုစီသည် ဆုကြီးကိုဖြစ်စေ၊ ကြေညာထားသော ဆုတမျိုးမျိုးကိုဖြစ်စေ ရနိုင်သော အခွင့်အရေးရှိ၏။ နံပါတ် သို့ အမှတ်အသားများထည့်ထားသော ပုံးမှ အလားတူနံပါတ်ကို သို့ အမှတ်အသားကို ကျပန်းနှိုက်ယူကာ ကြေညာပြီး လက်မှတ်ရထားသူက မဲပေါက်သည်။ ကံစမ်းမဲသည် နိုင်ငံအများတွင် ထင်ရှားသောကစားနည်းတမျိုးဖြစ်ပြီး ပျော်ပွဲရွှင်ပွဲများ၊ အလှူခံပွဲများတွင် ထည့်သွင်းလေ့ ရှိသည်။

မြန်မာ[ပြင်ဆင်ရန်]

မဟာဒုက် ဘုရားမဲ[ပြင်ဆင်ရန်]

အောက်မြန်မာပြည်တွင် ကျင်းပလေ့ရှိသော မဟာဒုက် ဆွမ်းကြီးလောင်းပွဲတွင် ဂေါတမဘုရားလက်ထက် မဟာဒုက်ဆိုသူ ဂေါတမဘုရားအား ဆွမ်းကပ်ရန် မဲပေါက်ခဲ့သည့်နည်းအတိုင်း ကံစမ်းမဲစနစ်ဖြင့် ဘုရားဆင်းတုတဆူကို မဲဖေါက်ပေးလေ့ ရှိသည်။ [၁] အလှူခံရထားသော ငွေများနှင့် ဘုရားဆင်းတုကို မဲပေါက်သူက လက်ခံရပြီး ဆွမ်းကပ်ခွင့် ရှိသည်။ ထိုဆင်းတုကို မဲပေါက်သူက အပိုင်ရသည်။ အချို့ဒေသမှာမူ အရပ်ဒေသမှ ထင်ရှားသော ဘုရားဆင်းတုတဆူဆူကို ခေတ္တပင့်ကာ ဆွမ်းကပ်ခွင့်သာရပြီး အလှူခံရထားသောငွေကို ဘုရားတွင်လှူကာ မူလနေရာသို့ ပြန်ပို့ရ၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာဒုဂ္ဂတဇာတ်