ကော့တ်လင်း
ပုံပန်းသွင်ပြင်
Usual filename extensions | .kt .kts |
---|---|
Paradigm | မျိုးစုံ |
ဒီဇိုင်းဆွဲသူ | ဂျက်ဘရိန်း |
မွမ်းမံသူ | ဂျက်ဘရိန်း |
အမျိုးအစားစနစ် | Inferred, static, strong |
လိုင်စင် | Apache License 2.0 |
ဝက်ဘ်ဆိုဒ် | kotlinlang.org |
ကော့တ်လင်း (အင်္ဂလိပ်: Kotlin) သည် ခွပလက်ဖောင်းသုံး တည်ငြိမ်သော စနစ်အမျိုးအစား၊ အထွေထွေသုံး ပရိုဂရမ္မင်း ဘာသာစကားဖြစ်ပြီး တိုက်မှန်းစနစ် (type inference) ပါလေသည်။ ကိုတင်လင်းကို ဂျာဗားနှင့် အပြန်အလဲသုံးနိုင်အောင် စီမံထားသည်။ ဂျာဗားယောင်ပြစက် (Java Virtual Machine) တွင် အလုပ်လုပ်ပြီး တိုက်မှန်းစနစ်ကြောင့် ဖွဲ့စည်းပုံ (syntax) ပိုကောင်းသည်။ ဂျာဗားနှင့် တွဲအလုပ်လုပ်နိုင်ရုံမက ဂျာဗားစခွစ်အပြင် (LLVM မှတဆင့်) ဌာနေကုဒ်လည်း ထုတ်နိုင်သည်။ ကော့တ်လင်း ဖောင်ဒေးရှင်းကို ဂျက်ဘရိန်း (JetBrains) နှင့် ဂူးဂဲလ် တို့က မတည်ပေးထားသည်။
အန်ဒြိုက်အတွက် ဂျာဗားအား ခြေကန်လို၍ ကိုတင်လင်းကို ဂူးဂဲက ထောက်ပံ့ထားခြင်း ဖြစ်သည်။ အန်ဒြိုက်စတူဒီယို ၃.၀ ကို ၂၀၁၇ ခု၊ အောက်တိုဘာလတွင် စဖြန့်ရာ ဂျာဗားပေါင်းစက် (Java compiler) နှင့်အတူ အစားလဲရန် ကော့တ်လင်းကို ထည့်ပေးခဲ့သည်။